Skip to Content
SME Intellect Co., Ltd.
  • အိမ်
  • Odoo အကူအညီ
  • ဝန်ဆောင်မှုများ
    • Odoo အကောင်အထည်ဖော်ခြင်း
    • Odoo အထူးပြုလုပ်ခြင်း
    • လေ့လာမှုနှင့် အထောက်အကူ
  • ချိန်းဆိုမှု
  • ဖတ်စရာ
  • အလုပ်ခေါ်စာ
  • Sign in
  • ကျွန်ုပ်တို့ကိုဆက်သွယ်ပါ
SME Intellect Co., Ltd.
      • အိမ်
      • Odoo အကူအညီ
      • ဝန်ဆောင်မှုများ
        • Odoo အကောင်အထည်ဖော်ခြင်း
        • Odoo အထူးပြုလုပ်ခြင်း
        • လေ့လာမှုနှင့် အထောက်အကူ
      • ချိန်းဆိုမှု
      • ဖတ်စရာ
      • အလုပ်ခေါ်စာ
    • Sign in
    • ကျွန်ုပ်တို့ကိုဆက်သွယ်ပါ


    ​

    သင့်လုပ်ငန်းတွင် ERP စနစ် လိုအပ်နေပြီဟု သုံးသပ်နိုင်သည့် လက္ခဏာ ၅ ချက်

    2022- မေ 26 by
    သင့်လုပ်ငန်းတွင် ERP စနစ် လိုအပ်နေပြီဟု သုံးသပ်နိုင်သည့် လက္ခဏာ ၅ ချက်
    SME Intellect Co. Ltd., Win Aung
    | No comments yet

    သင်လုပ်ငန်းမှာ လတိုင်းလတိုင်းမှာ စာရင်းချုပ်ဖို့ အချိန်တွေ နောက်ကျကျနေတတ်ပြီ။ အရောင်း ကြိုတင်တွက်ချက်မှု (Sale Forecast)စာရင်းတွေဟာလည်း သေချာတဲ့ နံပါတ်တွေပေါ် မှုတည်ခြင်းမဟုတ်ပဲ  စိတ်မှန်းဖြင့်ခန့်မှန်းမှုများတွေပေါ် မှာ တွက်ချက်နေရပြီ။ ဖောက်သည်များ၏ အ၀ယ် အော်ဒါများကို အလျှင်မှီအောင်မလုပ်နိုင်တော့ဘူး ၊ ဖောက်သည်များရဲ့ စိတ်ကျေနပ်မှုကျဆင်းခြင်း ငြိုငြင်ခံနေရပြီဆိုလျှင်။ Warehouse များမှာလဲ ဘယ်လောက် stock ကျန်နေလဲ ချက်ချင်းမသိနိုင်ဘူးဖြစ်နေမယ် သိအောင်လုပ်ရတာလဲ ခက်ခဲလွန်းနေမယ် ကြာလွန်းနေမယ်။ 

    ဒီလိုအနခြေအနေ တွေသင့်လုပ်ငန်းမှာ ဖြစ်ပျက်နေမယ်၊ ဒီနီးပါးဖြစ်မယ် ဆိုရင် ERP စနစ်ကို သုံးဖို့ စဥ်းစားချိန်တန်ပြီဖြစ်ပါတယ်။ 

    လုပ်ငန်းတိုင်းဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး၊ ဒါကြောင့် မင့်လုပ်ငန်း ERP လိုနေပီလို့ ဘယ် indicator နှင့်မှ တိတိကျကျ မပြနိုင်ပါဘူး ၊ ဒါပေမယ့် ဒီလိုအခက်အခဲတွေရှိနေတဲ့ လုပ်ငန်းတိုင်းမှာ ERP ကြောင့် အကျိုးရလဒ်အများကြီးရနိုင်ပါတယ်။ "သင့်လုပ်ငန်း ဒီလို အလားတူအခက်အခဲတွေကြုံနေရပါသလား"  ERP သုံးသင့်ပြီဟု သုံးသပ်နိုင်တဲ့ လက္ခဏာ ၅ ချက်ကို လေ့လာကြည်ရအောင်ပါ ။ 

    ၁. ဌာန တစ်ခုခြင်းစီအတွက် ဆော့၀ဲတစ်ခုစီ သုံးနေဖြစ်တယ် 

    သင့်လုပ်ငန်းဟာ အချက်အလက်တွေကို ဘယ်လိုမှတ်တမ်းတင်တယ် ၊ ဘယ်လို informationတွေက လုပ်ငန်းအဆင့်ဆင့်ကို ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ ခဏ စဥ်းစားကြည့်ပါ။ Accounting က၀န်ထမ်းများက ဆော့၀ဲတစ်ခုသုံးနေမယ် ၊ Sale က တခြားစနစ်တစ်ခုနဲ့ အရောင်းတွေစာရင်းလုပ်မယ်၊ အော်ဒါတွေကို ယူပြီး ပစ္စည်းပို့စာရင်းမျာကို စာရင်းဌာန ကို စာရွက်တွေနဲ့ပို့နေရမယ် (အချိန်တွေအများကြီး ယူနေရတယ်)။ Warehouse မှာရှိတဲ့၀န်ထားများကလဲ စနစ်တစ်ခုသပ်သပ်နဲ့ လက်ခံနေမယ် ၊ ပိုဆောင်ပေးနေမယ် ဆိုကြပါစို့ ။ 

    ဒီလို စနစ်တစ်ခုနဲ့ တခု ဟိုပို့ဒီပို့ အချိန်အများကြီးယူ လုပ်ဆောင်နေရမယ်ဆိုရင် သင့်လုပ်ငန်းဟာ ချော့မွေ့မြန်ဆန်ဖို့ အင်မတန်ကို ခက်ခဲပါလိမ့်မယ်။  အရောင်းမှ တိကျတဲ့ စာရင်း မရှိပါပဲ Inventory ကို Management လုပ်ရတာအင်မတန်ကို ခက်ခဲပါလိမ့်မယ်။ Accounting ဆီမှ နောက်ဆုံး စာရင်းအချက်အလက် အမှန်ရဖို့ ခက်ခဲ့နေမယ်ဆိုရင် Marketing Budget ကနေ payroll ထိ မီးခိုးကြွက်လျှောက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ 

    Database တစ်ခုတည်းကို မူတည်ကာ ဒီလိုစနစ်ပေါင်းများစွာကို ချိတ်ဆက်ပြီး သုံးစွဲနိုင်သည့် ERP စနစ်များမှာ ဒီလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ပါတယ်။ အချက်အလက်များစွာကို တစ်နေရာတည်းမှ စီမံခန့်ခွဲကာ အချိန်တိုင်း မှန်ကန်တဲ့ နောက်ဆုံး (real time) data တွေရှိနေမယ်ဆိုလျှင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို အချိန်မှီချနိုင်မယ် ပိုထွက်လာတဲ့ အချိန်တွေကို လုပ်ငန်းတိုးတက်ဖို့အတွက် အများကြီးအသုံးချနိုင်မှာဖြစ်ပါတယ်။

    #2. သင့်လုပ်ငန်းရဲ့ အချက်အလက်တွေကို အလွယ်တကူ ကြည့်မရဘူးဖြစ်နေမယ် 

    သင့်လုပ်ငန်းရဲ့ Average Sale Margin ကို လူတစ်ယောက်က မေးတယ်ဆိုပါစို့ ၊ ပြန်ဖြေဖို့ အချိန်မည်မျှ ယူရသနည်း။ တခြား Key Performance Matrix တစ်ခုဆိုရင်ကော် ဥပမာ တစ်ရက်မှာ အော်ဒါမည်မျှရှိသနည်း၊ ယနေထိ အရောင်းမည်မျှရှိသနည်း။ သီးခြားစီရှိနေသော စနစ်များသုံးထားသည့် လုပ်ငန်းများ spreadsheets များစွာဖြင့်အလုပ်လုပ်နေသော လုပ်ငန်းများ ဆိုလျှင် စာရင်းချုပ်ဖို့ အချိန်များစွာ ယူမည်ဖြစ်သည်။ 

    ယနေ့လုပ်ငန်းများ၏ အရှိန်အဟုန်သည် ယခင်ထက်များစွာ မြန်ဆန်လာပြီဖြစ်သည်။ ဆိုလိုသည်မှာ သင့်၀န်ထမ်းများသည် သတင်းအချက်များကို အချိန်တိုင်း ချက်ချင်းကြည့်နိုင်ရန်လိုအပ်လာြပီဖြစ်သည်။ ERP စနစ်များရှိနေပါက လုပ်ငန်းခေါင်းဆောင်များသည် မိမိလုပ်ငန်းအခြေအနေများကို အစအဆုံး အချိန်တိုင်း ကြည့်နိုင်မည်ဖြစ်သည်၊ တခြား၀န်ထမ်းများသည်လည်း လုပ်ငန်းမြန်ဆန်ထိရောက်စေရန် ၄င်းတို့နှင့်သက်ဆိုင်သော အချက်အလက်များကို  ချက်ချင်းကြည့်နိုင်မည်ဖြစ်သည်။ ဥပမာ အရောင်း ၀န်ထမ်းတစ်ယောက်သည် ဖောက်သည်တစ်ယောက်၏ အ၀ယ်စာရင်း history အားလုံး ကြည့်နိုင်သင့်ပါသည်၊ ထို့မှသာ ထပ်မံ၀ယ်ယူရန်ဆွဲဆောင်ခြင်း ဆက်စပ်ပစ္စည်းများ ၀ယ်ယူရန်ဆွဲဆောင်နိုင်ခြင်းများပြုလုပ်နိုင်မည်ဖြစ်သည်။  

    #၃ စာရင်းဌာနတွင် စားရင်းပိတ်ရက်ပိုမိုကြာလာ ခက်ခဲလာခြင်း 

    များသောအားဖြင့် ERP လိုမလို စာရင်းဌာနကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ စာရွက်များဖြင့် စာရင်းဖွင့်နေခြင်း အရောင်းဖွင့်နေခြင်း ထိုစာရင်းများကို Accounting စနစ်များထံ အချိန်များစွာယူကာ စာရင်းထည့်နေရခြင်းများ ရှိနေလျှင် ERP စနစ်သုံးကာ အလွယ်တကူ လုပ်နိုင်သောကိစ္စများအား အချိန်များစွာ အကုန်ခံနေကြောင်း စဥ်းစားသင့်ပါသည်။ 
    ငွေကြေးဆိုင်ရာ Financial reports များလည်း ထိုနည်းတူစွာပင်ဖြစ်သည်။ များပြားလှစွာသော Excel Spreadsheet များကို သုံးကာစာရင်းချုပ်ရန် ၊ စားရင်းကိုက်ရန် အချိန်များစွာကြာနေနိုင်ပါသည်။ ERP စနစ်သုံးခြင်းဖြင့် အပြောင်းအလဲအားချက်ချင်းသိသာစေပါသည်။  စာရင်းအားလုံးသည် Database တစ်ခုတည်းတွင်ရှိနေခြင်းအားဖြင့် ၀န်ထမ်းများအနေဖြင့် စာရင်းပြန်သွင်းရခြင်း manual စာရင်းကိုက်ရခြင်းများ မရှိနိုင်တော့ပါ။  သင့်စာရင်ကိုင် ၀န်ထမ်းများသည်လည် ပိုမိုအလုပ်တွင်ကျယ်လာစေကာ ပိုမို အရေးကြီးသည့်အလုပ်များကို အာရုံပိုစိုက်လာနိုင်စေပါသည်။

    #၄ အရောင်းသမားများနှင့် ဖောက်သည်များ၏ ခါးသီးသည့် ခံစားချက်များ


    လုပ်ငန်းကြီးလာသည်ဆိုသည်နှင့် အခက်အခဲစိန်ခေါ်မှုများလာသည်မှာ Inventory Management ဖြစ်သည်၊ အချိန်တိုင်း အထူးသဖြင့် လိုအပ်ချိန်တိုင်း Right Location တွင် right amount of products ရှိနေရန်မှာ အင်မတန် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ 
    Sale , Inventory နှင့် customer အချက်အလက်များ systems တစ်ခုချင်းစီမှာ ရှိနေလျှင် ပြဿနာများစွာဖြစ်လာနိုင်ပါသည်။ အကယ်၍ အရောင်းကောင်းနေသော ပစ္စည်း ပြတ်လပ်သွာမည်ဆိုပါက နောက်ထပ် Shipment တစ်ခုအထိ အရောင်းကိုပိတ်ထားရမည်ဖြစ်သည်။ ထိုအချိန်တွင် customer အ၀ယ်အော်ဒါများ တက်လာပါက အရောင်းမှလည်း ပစ္စည်းမရောက်သေးသဖြင့် ရောင်းနိုင်မည်မဟုတ်ပေ။ ဒီလိုအခြေအနေများဟာ ယုံကြည်စိတ်ချရမှုနှင့် ၀န်ဆောင်မှုများ၏ နာမည်ထိခိုက်နိုင်ပါသည်။ 
    ERP စနစ်သုံးမည်ဆိုပါက , ၀န်ထမ်းများအနေဖြင့် information များကို မိနစ်နှင့်အမျှ update ကြည့်နေနိုင်သဖြင့် customer services များမှ ပစ္စည်းမှာယူထားမှု အခြေအနေ၊ ငွေကြေးပေးခြေထားမှု ၀န်ဆောင်မှုကိစ္စရပ်များအားလုံးကို တခြားဌာနများတွင်မေးနေစရာမလိုပဲ တထိုင်တည်း ဖြေကြားပေးနိုင်မည်ဖြစ်သည်။ ထိုအပြင်၊ ပိုမိုကောင်းမွန်သည့် အချက်များမှာ customer ကိုယ်တိုင်ပင်လျှင်မိမိအမှာများအခြေအနေအား ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တပြိုင်နက်တည်းတွင်လည်း Warehouse Manager မှလည်း ပစ္စည်းပြတ်လပ်နိုင်မှု အခြေအနေ ပြန်လည်မှာယူရန် များကို အလွယ်တကူဆုံးဖြတ်နိုင်မည်ဖြစ်သည်။

    #၅ သင့် IT စနစ်သည် အလွန်ရှုပ်ထွေးပြီး အချိန်ကုန်လွန်းနေလျှင် 



    တကယ် ကြီးမားသည့်ပြဿနာများမှာ အကယ်၍ သင့်လုပ်ငန်းတွင် များစွာသော စနစ်များသုံးနေလျှင် IT Management သည်တကယ်ကို အိပ်မက်ဆိုးဖြစ်ပါသည်။ ထို Systems များအား customization လုပ်ရခြင်း၊ ပြန်လည် integrate လုပ်ရခြင်း ၊ ထိန်းသိမ်းရခြင်း၊ upgrade လုပ်ရခြင်းများသည် အလွန်တရာ ရှုပ်ထွေးခြင်း ကုန်ကျစရိတ်များပြားခြင်း အချိန်ကုန်လူပန်းဖြစ်ရနိုင်ပါသည်။ 
    Update လုပ်ရခြင်းများသည် on premise ဟုခေါ်သော ရုံးတွင်း(သို့မဟုတ်) ကိုယ်ပိုင် Data Center တွင်းရှိသည့် Systems များဖြစ်နိုင်ပါသည်။ ထိုစနစ်များကို ထိန်းသိမ်းရန်မှာ လိုသည်ထက်ပိုမို အချိန်ကုန်လူပန်းဖြစ်ရနိုင်ပါသည်။ ထို update များသည် သင့်အတွက် အချိန်ကုန်လူပန်းရုံတင်မက သင့် IT ဌာနမှ implement လုပ်ထားသည့် customization များကိုလည်း ပျက်သွား၍ မကိုက်ညီတော့၍ ပြန်လုပ်ရသည်များ ရှိနိုင်ပါသည်။ ထိုကြောင့်  ၃ ပုံ ၂ ပုံသော ဆော့၀ဲကုမ္ပဏီများသည်  outdated ဖြစ်နေသာ Software များကို ဆက်လက်သုံးစွဲနေကြသည်မှာ အံသြစရာမဟုတ်ပေ။ 
    ထိုကဲ့သို့ ရှုပ်ထွေးသည့် ထိရောက်မှုမရှိတော့သည့် ဆော့၀ဲများအား ထပ်ကာထပ်ကာ ထပ်ထည့်နေမည့် အစား အပြောင်းအလဲအား လျှင်မြန်စာ တုံ့ပြန်နိုင်သည့် ERP နည်းပညာများက သွက်လက်မြန်ဆန်မှုများကိုပေးစွမ်းနိုင်ပါသည်။ ထိုကြောင့် Netsuite, Odoo, Microsoft Dynamics ကဲ့သို့ Cloud Base ERP စနစ်များကို သုံးစွဲရန် အရေးကြီးပါသည်။ update လုပ်ရန်မှာ ကိစ္စတစ်ခုမဟုတ်တော့ပေ၊ လုပ်ငန်းတိုးတက်လာသည် ပြောင်းလဲလာသည်နှင့်အမျှ လုပ်ဆောင်ချက်အသစ်များအား ထည့်သွင်းရန်မှာလည်း အလွန်တရာလွယ်ကူသွားမည်ဖြစ်သည်။ 
     

    in Our Blog
    # ERP Odoo
    သင့်လုပ်ငန်းတွင် ERP စနစ် လိုအပ်နေပြီဟု သုံးသပ်နိုင်သည့် လက္ခဏာ ၅ ချက်
    SME Intellect Co. Ltd., Win Aung 2022- မေ 26
    Share this post
    တက်(ဒ်)များ
    Edit
    ERP Odoo
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Sign in to leave a comment


    ​
    Hidden Costs
    ( ငွေမျက်နှာဖုံး )
    Follow us

    No.36, 20th Floor, Office Tower 2, Times City, Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect