လုပ်ငန်းတစ်ခုကို ERP System သုံးဖို့ဆိုတာ Software တစ်ခုဝယ်လိုက်ရုံနဲ့ ပြီးသွားတဲ့အရာ မဟုတ်ပါဘူး။
ယနေ့လို Digital Transformation ခေတ်ကြီးထဲမှာ လုပ်ငန်းခွင်အသီးသီးကို Digital စနစ်သို့ ပြောင်းလဲဖို့ စဉ်းစားတဲ့အခါ Odoo ERP ဟာ ကမ္ဘာတစ်ဝန်းမှာရော မြန်မာနိုင်ငံမှာပါ အသုံးအများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး ERP Software တစ်ခုဖြစ်လာနေပါပြီ။
ဒါပေမဲ့ Odoo ကို Software တစ်ခု ဝယ်ယူရုံနဲ့ မလုံလောက်ပါဘူး။ "Software ဘာလုပ်နိုင်လဲ" ဆိုတာထက် "မိမိလုပ်ငန်း ဘာလိုအပ်လဲ" ဆိုတာကို စနစ်တကျ ပြင်ဆင်မထားရင် Implementation လုပ်သည့်အခါ အခက်အခဲများစွာ ကြုံတွေ့ရနိုင်ပါတယ်။
- ဘယ် Edition ကိုသုံးမလဲ?
- ဘယ် License Plan ကိုရွေးမလဲ?
- ဘယ်လို Hosting လုပ်မလဲ?
- Implementation ကို ဘယ်သူကလုပ်ပေးမလဲ?
- ကိုယ့်လုပ်ငန်းရဲ့ Requirement နဲ့ Odoo ကို ဘယ်လောက်အထိ ကိုက်ညီအောင် Configure / Customize လုပ်မလဲဆိုတာတွေက အရေးကြီးပါတယ်။
ဒီ Article မှာ Odoo စတင်အသုံးပြုမယ့်သူတိုင်း သိထားသင့်တဲ့ အရေးကြီးတဲ့အချက် ၅ ချက် ကို အလွယ်တကူ နားလည်နိုင်အောင် ရှင်းပြပေးသွားပါမယ်။
အချက် | အဓိပ္ပါယ်ဖွင့်ဆိုခြင်း | လုပ်ငန်းရှင်အတွက် မေးခွန်း |
Standard နှင့် Custom Plan | Odoo subscription plan နှစ်မျိုးရွေးချယ်ပုံ | Standard လုံလောက်သလား ၊customization/API/multi-companyလိုသလား |
Enterprise နှင့် Community | Odoo software edition နှစ်မျိုးနှင့် ၎င်းတို့၏ license model | အခမဲ့ open-source edition လိုသလား ၊ paid Enterprise features/support လိုသလား |
Cloud Hosting Infrastructure | Odoo Online, Odoo.sh သို့မဟုတ် ကိုယ်ပိုင် server တွင် hosting ပြုလုပ်ခြ င်း | Server ကို ကိုယ်တိုင်စီမံမလား ၊Odoo cloud ကိုအသုံးပြုမလား |
Implementation Partner | Business analysis, configuration, data migration, training နှင့် support ပေးမည့် vendor | မိမိလုပ်ငန်း နှင့် အတွေ့ အကြုံ ရှိပြီး ယုံကြည်ရသော partner ဖြစ်သလား |
Business Requirements | လုပ်ငန်း၏ လက်ရှိနှင့်အနာ ဂတ်process များကို စနစ်လိုအပ်ချ က်အဖြစ်သတ်မှတ်ခြင်း | “Software ဘာ လုပ်နိုင်လဲ”မဟုတ်ဘဲ “မိမိလုပ်ငန်း ဘာ လိုအပ်လဲ”ကို ပြင်ဆင်ထားသလား |
1. Community & Enterprise Edition ကွာခြားပုံ
Odoo ကို စလေ့လာတဲ့အခါ အများဆုံးတွေ့ရမယ့် စကားလုံးနှစ်ခုကတော့ Odoo Community နဲ့ Odoo Enterprise တို့ဖြစ်ပါတယ်။
Odoo မှာ အဓိကအားဖြင့် Community Edition နဲ့ Enterprise Edition ဆိုပြီး Edition နှစ်မျိုးရှိပါတယ်။ Community Edition က LGPL License အောက်မှာရှိပြီး Enterprise Edition က Odoo Enterprise License အောက်မှာ အသုံးပြုရပါတယ်။
🟢 Community Edition
Community Edition က Open Source အခြေခံ Edition ဖြစ်ပါတယ်။
Technical Team ရှိပြီး ကိုယ်ပိုင် Infrastructure ကို စီမံချင်တဲ့ Business တွေအတွက် စဉ်းစားနိုင်ပါတယ်။ ကိုယ်ပိုင် Server ပေါ်မှာ Install လုပ်ပြီး -
Server
Database
Backup
Security
Updates
Technical Maintenance
တွေကို ကိုယ်တိုင် စီမံနိုင်ပါတယ်။
ဒါပေမယ့် “Community = အကုန် Free” လို့ မယူဆသင့်ပါဘူး။
License Fee မရှိတာနဲ့ Total Cost မရှိဘူး ဆိုတာ မတူပါဘူး။ ဥပမာ - Server + Developer + Deployment + Backup + Security + Upgrade + Training အတွက် ကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။
ဒါကြောင့် ERP ရွေးချယ်တဲ့အခါ License Cost တစ်ခုတည်းမဟုတ်ဘဲ Total Cost of Ownership (TCO) ကိုပါ စဉ်းစားသင့်ပါတယ်။
🔵 Enterprise Edition
Enterprise Edition က Valid Odoo Enterprise Subscription လိုအပ်တဲ့ Commercial Edition ဖြစ်ပါတယ်။ Business တွေက Enterprise ကို ရွေးချယ်ရတဲ့အကြောင်းရင်းတွေထဲမှာ -
Additional Features
Odoo Official Direct Support
Odoo Official Partner Support
Upgrade Path
Cloud Options
Odoo Ecosystem စတာတွေ ပါဝင်ပါတယ်။
ဒါပေမယ့် Enterprise License ဝယ်လိုက်တာနဲ့ ERP Project အလိုအလျောက် အောင်မြင်သွားတာတော့ မဟုတ်ပါဘူး။ Configuration, Data Migration, User Training နဲ့ User Adoption တွေကိုလည်း စနစ်တကျ လုပ်ဆောင်ဖို့လိုပါတယ်။
👉 Odoo Edition အကြောင်း အသေးစိတ်သိရှိဖို့ အောက်ပါ website မှာလေ့လာနိုင်ပါတယ်။
https://www.odoo.com/page/editions
1. Standard နှင့် Custom License အကြောင်း
Odoo ကို စတင်လေ့လာတဲ့အခါ Standard Plan နဲ့ Custom Plan ဆိုတာကို မကြာခဏတွေ့ရပါမယ်။
Official Odoo Pricing အရ Standard Plan မှာ Odoo Online ပေါ်က Standard Applications တွေကို အသုံးပြုနိုင်ပြီး Custom Plan မှာတော့ Odoo Online အပြင် Odoo.sh / On-Premise Hosting, Odoo Studio, Multi-Company, External API စတဲ့ Advanced Functionalities များကိုပါ ထပ်မံအသုံးပြုနိုင်ပါတယ်။
🟡 Standard Plan ဆိုတာ ဘယ်လို Business အတွက်လဲ?
ကိုယ့်လုပ်ငန်းက Odoo ရဲ့ Standard Features တွေကို အဓိကအသုံးပြုမယ်ဆိုရင် Standard Plan က သင့်တော်နိုင်ပါတယ်။
ဥပမာ— Trading Company တစ်ခု ဆိုပါစို့။ Process က -
Customer → Quotation → Sales Order → Delivery → Invoice → Payment
ဖြစ်ပြီး Sales, Purchase, Inventory, Accounting တွေကို Odoo ရဲ့ Standard Features နဲ့ပဲ စီမံနိုင်တယ်ဆိုရင် Standard Plan ကို စဉ်းစားနိုင်ပါတယ်။
Standard Plan ကို ရွေးမယ့် Business တွေအတွက် အားသာချက်
Setup လုပ်ရတာ ပိုလွယ်ကူ
Odoo Online ကို အသုံးပြုနိုင်
Server Administration ကို ကိုယ်တိုင်လုပ်စရာ မလို
Standard Business Process တွေအတွက် အဆင်ပြေ
သို့ပေမယ့် Third-party Apps / Custom Modules / Custom Code လိုအပ်မလားဆိုတာကို Plan မရွေးခင်ကတည်းက လုပ်ငန်းလိုအပ်ချင်ကို စဥ်းစားထားဖို့ အရေးကြီးပါတယ်။ Odoo Online မှာ non-standard applications တွေနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေရှိနိုင်ပါတယ်။
🟠 Custom Plan ဆိုတာ ဘယ်လို Business အတွက်လဲ?
ကိုယ့်လုပ်ငန်းမှာ—
Custom Workflow
Custom Module
External API Integration
Multi-Company
Odoo Studio
Third-party Modules စတာတွေလိုအပ်ရင် Custom Plan ကို စဉ်းစားသင့်ပါတယ်။
ဥပမာ -
- “Odoo ကို ကျွန်တော်တို့ E-commerce Website နဲ့ API ချိတ်ချင်တယ်”
“Company ၃ ခုကို Database တစ်ခုထဲမှာ စီမံချင်တယ်”
- “Approval Workflow ကို ကိုယ့် Company Process အတိုင်း ပြောင်းချင်တယ်”
- “လက်ရှိလုပ်နေတဲ့ Report Dashboard တိုင်းလိုချင်တယ် ” ဆိုရင် Custom Plan ကို စဉ်းစားရနိုင်ပါတယ်။
⚠️ သတိပြုရန်
Custom Plan ဆိုတာ “Feature ပိုများတဲ့ Plan” လို့ပဲ မမြင်သင့်ပါဘူး။ Customization နဲ့ Integration ပါလာတာနဲ့အမျှ Development Cost + Maintenance + Testing + Technical Support တွေပါ ထည့်တွက်ရနိုင်ပါတယ်။
👉 လက်ရှိ Odoo License Plan နဲ့ Pricing ကို အောက်ပါ website တွင် အသေးစိတ်လေ့လာနိုင်ပါတယ်
https://www.odoo.com/pricing
3. Odoo ကို ဘယ် Cloud Hosting မှာသုံးမလဲ ?
Odoo ကို ရွေးချယ်တဲ့အခါ “ဘယ် Edition သုံးမလဲ?” ဆိုတာနဲ့အတူ “ဘယ်မှာ Run မလဲ?” ဆိုတာလည်း အရေးကြီးပါတယ်။
အဓိကအားဖြင့် -
- Odoo Online
- Odoo.sh
- On-Premise ဆိုပြီး စဉ်းစားနိုင်ပါတယ်။
☁️ Odoo Online
Odoo Online က Odoo ရဲ့ Cloud Infrastructure ပေါ်မှာ Odoo ကို အသုံးပြုတာဖြစ်ပါတယ်။ Server Setup, Patching နဲ့ Infrastructure Management တွေကို ကိုယ်တိုင် အများကြီးလုပ်စရာမလိုဘဲ မြန်မြန်စတင်နိုင်ပါတယ်။ Standard Odoo Applications တွေကို အသုံးပြုချင်တဲ့ Business တွေအတွက် စတင်ဖို့ လွယ်ကူတဲ့ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
🛠️ Odoo.sh
Business က Custom Development လုပ်မယ်ဆိုရင် Odoo.sh ကို စဉ်းစားနိုင်ပါတယ်။
Odoo.sh မှာ -
Custom Modules
Development Environment
Staging
Production
Continuous Integration
Developer Tools စတာတွေကို အသုံးပြုနိုင်ပါတယ်။
ဥပမာ -
- Company Website နဲ့ Odoo Integration လုပ်မယ်။
- Custom Module Development လုပ်မယ်။
- Development → Testing → Production Workflow လိုမယ်။
ဒါဆိုရင် Odoo.sh က အသုံးဝင်နိုင်ပါတယ်။
👉 Odoo.sh အကြောင်း
Odoo.sh Official Documentation
🖥️ On-Premise
On-Premise ဆိုတာ Odoo ကို ကိုယ့် Company ရဲ့ Data Center သို့မဟုတ် third-party ရွေးချယ်ထားတဲ့ Cloud Infrastructure ပေါ်မှာ ကိုယ်တိုင် Install လုပ်ပြီး စီမံတာပါ။ ဥပမာ- Alibaba Cloud / AWS / Azure / Google Cloud / Local Server စတဲ့ Infrastructure တွေပေါ်မှာ Odoo Server တည်ဆောက်ပြီး သုံးနိုင်ပါတယ်။
ဒီနည်းလမ်းမှာ -
Server
Database
Firewall
SSL
Backup
Monitoring
Disaster Recovery
Upgrade တွေကို စနစ်တကျ စီမံရပါတယ်။
ဒါကြောင့် On-Premise က Control ပိုရသလို Technical Responsibility လည်း ပိုများပါတယ်။
4. Odoo Implementation Partner ရွေးချယ်ခြင်း
ဒီအချက်က ERP Project တစ်ခုအတွက် အလွန်အရေးကြီးပါတယ်။
Odoo License ဝယ်လိုက်တာနဲ့ “Odoo အသုံးပြုလို့ရပြီး Implementation ပြီးပြီ” လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်းနဲ့ကိုက်ညီမယ့် Process flow တွေနှင့် Business Scope တွေကိုသေချာနားလည်ပြီး သေချာ support ပေးနိုင်မယ့် Implementation Partner ကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ ERP Implementation ဆိုတာ Software Install လုပ်တာထက် ပိုပြီးကျယ်ပြန့်ပါတယ်။
Implementation Partner က ပုံမှန်အားဖြင့်-
- Business Analysis -လက်ရှိ Business Process ကို လေ့လာမယ်။
- Gap Analysis - လက်ရှိလုပ်ငန်း Process နဲ့ Odoo Standard Process ကြားမှာ ဘာတွေကွာနေလဲ စစ်မယ်။
- Configuration - Odoo Modules တွေကို Business Process နဲ့ ကိုက်ညီအောင် Configure လုပ်မယ်။
- Data Migration - Product data, Customer, Supplier, Product, Opening Balance စတဲ့ Data တွေကို Odoo ထဲ ပြောင်းရွှေ့မယ်။
- Customization - Standard Odoo နဲ့ မဖြေရှင်းနိုင်တဲ့ Requirement တွေအတွက် Custom Development လုပ်မယ်။
- Training - User တွေကို System အသုံးပြုပုံ သင်ပေးမယ်။
- Testing & Go-Live - Production မတင်ခင် User Acceptance Testing လုပ်ပြီး Go-Live အတွက် ပြင်ဆင်မယ်။
- Post-Go-Live Support - System စတင်အသုံးပြုပြီးနောက် ဖြစ်လာတဲ့ Issue တွေကို Support ပေးမယ်။
ဒီ Implementation Process တွေက ERP Project အောင်မြင်မှုအတွက် အရေးကြီးပါတယ်။
Partner ရွေးတဲ့အခါ ဘာတွေကြည့်သင့်လဲ?
Partner တစ်ခုကို Price တစ်ခုတည်းကြည့်ပြီး မရွေးသင့်ပါဘူး။ အောက်ပါအချက်တွေကို လုပ်ပေးနိုင်သလား ရှိသလားဆိုတာစစ်ဆေးသင့်ပါတယ် -
ကိုယ့် Industry Experience ရှိလား?
အရင်လုပ်ခဲ့တဲ့ Project References ရှိလား?
Implementation Methodology ဘယ်လိုရှိလဲ?
Data Migration လုပ်ပေးမလား?
User Training ပါလား?
Post-Go-Live Support ဘယ်လိုပေးလဲ?
Customization Capability ရှိလား?
Support SLA ရှိလား?
စာချုပ်မချုပ်ခင် Scope, Timeline, User Count, Modules, Customization, Integration, Data Migration, Training, Go-Live Criteria, Support နဲ့ Change Request Pricing တွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသင့်ပါတယ်။
👉 Official Odoo Partner တွေကို အောက်ပါwebsite မှတစ်ဆင့် ရှာဖွေနိုင်ပါတယ်။
Odoo Official Partner Directory
5. Odoo မရွေးချယ်ခင် “ကိုယ့် Business Requirement” ကို အရင်ပြင်ဆင်ခြင်း
ဒီအချက်ကတော့ Odoo Implementation Project ရဲ့ Foundation လို့ ပြောလို့ရပါတယ်။
Business Owner တစ်ယောက်က “Sales Module လိုတယ်။ Inventory လိုတယ်။ Accounting လိုတယ်။” လို့ပြောရုံနဲ့ Requirement ပြည့်စုံပြီလို့ မဆိုနိုင်ပါဘူး။ တကယ်လိုအပ်တာက “System က ဘာလုပ်ပေးရမလဲ?” ဆိုတာကို Process အဆုံးအစ သတ်မှတ်ထားဖို့ပါ။
ERP Project မအောင်မြင်ရတဲ့ အကြောင်းရင်းတွေထဲမှာ Software မကောင်းတာထက် Requirement မရှင်းလင်းခြင်း၊ Process Owner မသတ်မှတ်ခြင်း၊ Data Clearness မရှိခြင်းနဲ့ User Adoption မရှိခြင်း တို့က ပိုဖြစ်နိုင်ပါတယ်။
Business Requirement ဆိုတာ ဘာလဲ?
🏢 Company Structure
Company ဘယ်နှစ်ခုရှိလဲ?
Branch ဘယ်နှစ်ခုရှိလဲ?
Warehouse ဘယ်နှစ်ခုရှိလဲ?
Department ဘယ်နှစ်ခုရှိလဲ?
👥 Users
Odoo သုံးမယ့် User ဘယ်နှစ်ယောက်လဲ?
Sales Team ဘယ်နှစ်ယောက်လဲ?
Accounting Team ဘယ်နှစ်ယောက်လဲ?
Management Users ဘယ်နှစ်ယောက်လဲ?
📦 Business Process
ဥပမာ Sales Process တစ်ခုကိုကြည့်ပါ။
Customer Quotation
→ ဘယ်သူဖန်တီးမလဲ?
→ ဘယ် Discount အထိ Salesperson ကို ခွင့်ပြုမလဲ?
→ ဘယ် Discount ကျော်ရင် Manager Approval လိုမလဲ?
→ Quotation ကို Sales Order အဖြစ် ဘယ်အချိန်မှာ Confirm လုပ်မလဲ?
→ Stock မလုံလောက်ရင် ဘယ်သူ့ကို Alert ပို့မလဲ?
→ Invoice ကို ဘယ်အချိန်မှာ ထုတ်မလဲ?
ဒါတွေက Business Requirement ဖြစ်ပါတယ်။
Business Requirement ကို အဓိက ဒီ ၆ မျိုးနဲ့ စဉ်းစားပါ
- Functional Requirements - System က ဘာလုပ်ပေးရမလဲ?
- Non-Functional Requirements - System က ဘယ်လို Quality နဲ့ လုပ်ပေးရမလဲ?
- Integration Requirements - Odoo ကို ဘယ် System တွေနဲ့ ချိတ်ဆက်ရမလဲ?
- Data Requirements - ဘယ် Data တွေကို Odoo ထဲ ပြောင်းရွှေ့မလဲ?
- Reporting Requirements - Management အတွက် ဘယ် Report တွေလိုမလဲ?
- Compliance Requirements -ကိုယ့်နိုင်ငံနဲ့ ကိုယ့် Industry အတွက်
စတဲ့ သတ်မှတ်ချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။
ဒါဆို Odoo ကို ဘယ်လိုစတင်ရွေးချယ်သင့်လဲ?
Odoo ကို စတင်အသုံးပြုဖို့ စဉ်းစားနေတဲ့ Business Owner တစ်ယောက်အနေနဲ့ အောက်ပါ Sequence အတိုင်း စဉ်းစားနိုင်ပါတယ်။
STEP 1 — ကိုယ့် Business Process ကို ရေးပါ
လက်ရှိမှာ ဘာတွေ Manual ဖြစ်နေလဲ?
ဘယ်နေရာမှာ Error ဖြစ်နေလဲ?
ဘယ်နေရာမှာ Data Duplicate ဖြစ်နေလဲ?
STEP 2 — လိုအပ်တဲ့ Odoo Apps တွေ စဥ်စားပါ
ဥပမာ- CRM + Sales + Purchase + Inventory + Accounting + HR
STEP 3 — Standard Odoo နဲ့ ဖြေရှင်းနိုင်လား စစ်ပါ
Standard Feature ရှိရင် အရင်အသုံးပြုပါ။
STEP 4 — Customization / Integration လိုအပ်ချက်ကို သတ်မှတ်ပါ
လိုအပ်မှသာ Custom Development လုပ်ပါ။
STEP 5 — Plan & Edition ရွေးပါ
Standard vs Custom
Community vs Enterprise
STEP 6 — Hosting ရွေးပါ
Odoo Online vs Odoo.sh vs On-Premise
STEP 7 — Implementation Partner ရွေးပါ
Industry Experience + Technical Capability + Support + References ကို စစ်ဆေးပါ။
STEP 8 — Gap Analysis နဲ့ အရင်လုပ်ပါ
Business Process မရှင်းသေးရင် Implementation တစ်ခုကို ချက်ချင်းစတာထက် Requirements Workshop + Gap Analysis နဲ့ စတင်တာ ပိုသင့်တော်နိုင်ပါတယ်။
အကျဥ်းချုပ်အနေနဲ့ -
Odoo ERP ကို ရွေးချယ်တဲ့အခါ Software Price တစ်ခုတည်းကို မကြည့်သင့်ပါဘူး။ အရေးကြီးဆုံးကတော့ Odoo ကို မဝယ်ခင် "ဘယ် License က ဈေးသက်သာလဲ?" လို့ မေးတာထက် "ကျွန်တော်တို့ Business အတွက် ဘယ် Solution က သင့်တော်လဲ?" လို့ အရင်မေးသင့်ပါတယ်။
Odoo စတင်အသုံးပြုခြင်းသည် Software တစ်ခု Install လုပ်ရုံ သာမက မိမိ Enterprise လုပ်ငန်း တစ်ခုလုံးကို Digital Transformation ပြုလုပ်သည့် မဟာဗျူဟာမြောက် ခရီးစဉ် ဖြစ်သည်။ အထက်ပါ အချက် ၅ ချက်ကို စနစ်တကျ ပြင်ဆင် သုံးသပ်နိုင်ပါက Odoo သည် Software တစ်ခုထက်ပို၍ လုပ်ငန်း၏ လည်ပတ်မှု ပိုမိုတိုးတက်စေမည့် ရေရှည် Platform အဖြစ် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
“သင့်လုပ်ငန်းအတွက် ဘယ် Odoo Plan, Hosting နဲ့ Modules တွေသင့်တော်မလဲ မသေချာသေးပါက Business Requirement Consultation အရင်ပြုလုပ်သင့်ပါတယ်”