Skip to Content
SME Intellect Co., Ltd.
  • ပင်မစာမျက်နှာ
  • Help Desk
  • ဝန်ဆောင်မှုများ
    • Odoo  Implementation
    • Odoo Customization
    • Support & Training
  • Appointment
  • ဆောင်းပါးများ
  • အလုပ်ခေါ်စာ
  • ကျွန်ုပ်တို့အကြောင်း
  • Sign in
  • ဆက်သွယ်ရန်
SME Intellect Co., Ltd.
      • ပင်မစာမျက်နှာ
      • Help Desk
      • ဝန်ဆောင်မှုများ
        • Odoo  Implementation
        • Odoo Customization
        • Support & Training
      • Appointment
      • ဆောင်းပါးများ
      • အလုပ်ခေါ်စာ
      • ကျွန်ုပ်တို့အကြောင်း
    • Sign in
    • ဆက်သွယ်ရန်


    ​

    Odoo ERP ရဲ့ Standard Function တွေက သင့်လုပ်ငန်းနဲ့ ဘယ်လောက်ထိ အံဝင်ခွင်ကျဖြစ်နိုင်မလဲ?

  • All Blogs
  • Odoo User Manual
  • Odoo ERP ရဲ့ Standard Function တွေက သင့်လုပ်ငန်းနဲ့ ဘယ်လောက်ထိ အံဝင်ခွင်ကျဖြစ်နိုင်မလဲ?
  • 2026- ဇူလိုင် 8 by
    Wai Phyo Aung
    | No comments yet

    လုပ်ငန်းလည်ပတ်မှုတွေကို စနစ်တကျနဲ့ နေရာတစ်ခုတည်းကနေ စီမံခန့်ခွဲနိုင်တဲ့ Odoo ERP အကြောင်းကို သင်ကြားဖူးနေလောက်ပါပြီ။ ဒါပေမဲ့ လုပ်ငန်းရှင်တော်တော်များများ တွေဝေလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ "Odoo ERP မှာပါတဲ့ Standard တိုင်းသုံးမလား? ဒါမှမဟုတ် ကိုယ့်လုပ်ငန်းရဲ့ ပုံစံအတိုင်း Customization တွေ ပြင်ပြီး သုံးမလား?" ဆိုတာပါပဲ။

    လုပ်ငန်းအများစုက ERP System ကို စတင်အသုံးပြုဖို့ ပြင်ဆင်တဲ့အခါ အဖြစ်များဆုံး အမှားတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မိမိတို့ရဲ့ လုပ်ငန်းလုပ်ထုံးလုပ်နည်းတွေက တခြားသူတွေနဲ့မတူဘဲ  Unique တယ်လို့ ယူဆပြီး System တစ်ခုလုံးကို စိတ်ကြိုက် လိုက်ပြင်ချင်ကြတာ (Extensive Customization) ဖြစ်ပါတယ်။

    ERP ဆိုတာဟာ Integrated ဖြစ်ပြီးသား System တစ်ခုဖြစ်ပြီး အားလုံးကို ချိတ်ဆက်နေတာကြောင့် စစအသုံးပြုခြင်းမှာကိုပဲ Customization တွေ အများကြီးလုပ်ခြင်းက Implementation ကြာချိန်ကို ပိုရှည်စေပြီး၊ Error (Bugs) တက်နိုင်ချေ ပိုများစေတဲ့အပြင် နောင်တစ်ချိန် System Upgrade လုပ်တဲ့အခါမှာလည်း အခက်အခဲအများကြီး ကြုံရတတ်ပါတယ်။ Odoo ERP ရဲ့ စွမ်းဆောင်ရည်က ကမ္ဘာ့အကောင်းဆုံး လုပ်ငန်းသုံးလုပ်ထုံးလုပ်နည်းတွေ (Global Best Practices) ကို အခြေခံပြီး တည်ဆောက်ထားတဲ့ Standard Features များစွာရှိပါတယ်။ 

    Odoo Standard ဆိုတာ ဘာလဲ?

    Odoo Standard ဆိုတာကတော့ ထပ်မံပြင်ဆင်ထားခြင်းမရှိတဲ့ (Non-customized)၊ Odoo ရဲ့ မူလ features တွေနဲ့ modules တွေကိုပဲ အသုံးပြုရတဲ့ version ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလည်ပတ်မှုပုံစံရှိတဲ့ လုပ်ငန်းတွေ၊ ကုမ္ပဏီခွဲအများကြီးမဟုတ်ဘဲ Single-entity လည်ပတ်တဲ့လုပ်ငန်းတွေအပြင် လအနည်းငယ် သို့မဟုတ် သီတင်းပတ်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန် အသုံးပြုချင်သူတွေ နဲ့ ကုန်ကျစရိတ်ကို ကြိုတင်တွက်ဆထားပြီး ကုန်ကျငွေများကြီးမသုံးချင်သူတွေ အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

    သင့်လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တွေက အထွေအထူး ပြောင်းလဲစရာမလိုတဲ့ ပုံမှန်အဝယ်/အရောင်း၊ စာရင်းကိုင် ပုံစံမျိုးဆိုရင် Odoo ERP မှာပါတဲ့ Standard Features & Functions တွေက သင့်အတွက် အဆင်သင့် အားလုံးပါဝင်ပြီးသားပါ။

    Standard Function နှင့် Customization ဘာကွာလဲ? (The Trade-off)

    Odoo ERP Implementation စလုပ်တဲ့အခါ Odoo ရဲ့ မူလပါဝင်ပြီးသား Standard Features တွေကိုပဲ သုံးမလား၊ ဒါမှမဟုတ် မိမိလုပ်ငန်းနဲ့ အတိအကျတူအောင် Customization ပြင်ဆင်ခြင်း လုပ်မလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

    ဒီနှစ်ခုကြားမှာ အပေးအယူ (The Trade-off) တွေ ရှိနေပြီး၊ သင့်လုပ်ငန်းရဲ့ Budget၊ အချိန်နဲ့ ရေရှည်ရည်မှန်းချက်တွေအပေါ် မူတည်ပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ ဆုံးဖြတ်ရလွယ်ကူစေရန် Standard Function နှင့် Customization တို့၏ ကွာခြားချက်များကို အဓိက ကဏ္ဍ ၅ ခုဖြင့် နှိုင်းယှဉ်ပြပေးလိုက်ရပါတယ် -

    Main Category
    အဓိက ကဏ္ဍများ
    Standard Function 
    (မူလပါဝင်ပြီးသားစနစ်)
    Customization 
    (စိတ်ကြိုက် ပြင်ဆင်မွမ်းမံခြင်း)

    ၁။ စတင်အသုံးပြုနိုင်မည့် အချိန် (Timeline)

    အလွန်မြန်ဆန်သည်။

    စနစ်က အဆင်သင့်ရှိပြီးသားဖြစ်လို့ ပိုင်း သို့မဟုတ် သီတင်းပတ်အနည်းငယ်အတွင်း တန်းသုံးနိုင်သည်။

    ကြာချိန် ပိုများသည်။

    လုပ်ငန်းလိုအပ်ချက်ကို လေ့လာခြင်း၊ Code ရေးခြင်း၊ စမ်းသပ်ခြင်း (Testing) တို့ကြောင့် လများစွာနှင့်ချီ ကြာမြင့်နိုင်သည်။

    ၂။ ကနဦး ရင်းနှီးမြှုပ်နှံမှုစရိတ် (Initial Budget)

    သက်သာသည်။

    ထပ်ဆောင်း Developers ခများ ပေးရန်မလိုဘဲ အသင့်သုံး License/Subscription စရိတ်သာ ကုန်ကျသည်။

    အလွန်မြင့်မားနိုင်သည်။

    ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းများ ဖန်တီးရန် စနစ်တကျ Code ရေးရသဖြင့် ဆော့ဖ်ဝဲလ်ကျွမ်းကျင်သူခများစွာ ကုန်ကျသည်။

    ၃။ ရေရှည်ထိန်းသိမ်းမှုနှင့် အဆင့်မြှင့်တင်ခြင်း (Maintenance & Upgrades)

    လွယ်ကူပြီး အခမဲ့ဖြစ်သည်။

    Odoo ဗားရှင်းအသစ်ထွက်တိုင်း (ဥပမာ- V18 မှ V19 သို့) အလွယ်တကူ Upgrade လုပ်နိုင်သည်။

    ရှုပ်ထွေးပြီး ကုန်ကျစရိတ်များသည်။

    ကိုယ်တိုင်ရေးထားသော Code များသည် ဗားရှင်းအသစ်နှင့် ကိုက်ညီအောင် Developer များဖြင့် ပြန်လည်ပြင်ဆင်ရသည်။

    ၄။ System ၏ တည်ငြိမ်မှုနှင့် စွမ်းဆောင်ရည် (Stability & Bugs)

    အလွန်တည်ငြိမ်သည်။

    ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းပေါင်း သန်းချီက စမ်းသပ်အသုံးပြုပြီးသားဖြစ်လို့ Error (Bugs) တက်နိုင်ချေ အလွန်နည်းသည်။

    Error ရှိနိုင်သည်။

    လုပ်ငန်းတစ်ခုတည်းအတွက် သီးသန့်ရေးထားခြင်းဖြစ်၍ အစပိုင်းတွင် မမျှော်လင့်ဘဲ System အားနည်းချက် သို့မဟုတ် Bugs များ ကြုံရနိုင်သည်။

    ၅။ လုပ်ငန်းလုပ်ထုံးလုပ်နည်း ပြောင်းလဲမှု (Business Process Fit)

    လုပ်ငန်းက System အတိုင်း လိုက်နာရသည်။

    ကမ္ဘာ့အဆင့်မီ လုပ်ငန်းလုပ်ထုံးလုပ်နည်းများ (Global Best Practices) အတိုင်း မိမိလုပ်ငန်းခွင်ကို အနည်းငယ် ညှိနှိုင်းပြင်ဆင်ရသည်။

    System က လုပ်ငန်းအတိုင်း လိုက်ရသည်။

    မိမိလုပ်ငန်း လက်ရှိလုပ်နေကျ Manualပုံစံအတိုင်း စနစ်က ကွက်တိလိုက်လုပ်ပေးသည်။ 

    Example Case Study - Retail & Trading လုပ်ငန်းများ

    Excel / Spreadsheets တွေ အများကြီးသုံးပြီး ဒေတာတွေကို လူကိုယ်တိုင် လိုက်ရိုက်ထည့်နေရလို့ အခက်အခဲဖြစ်နေတဲ့ အလတ်စား လက်လီ/လက်ကား လုပ်ငန်းတစ်ခုကို ဥပမာကြည့်ရအောင်။

    ​1. ကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှုများ (The Challenge)

    ​Odoo မသုံးခင်မှာ လုပ်ငန်းတော်တော်များများဟာ လုပ်ငန်း Operation တစ်ခုချင်းစီအတွက် Excel သို့မဟုတ် အခြား software တွေကို သီးခြားစီ ခွဲသုံးတတ်ကြပါတယ်။ ဒါဟာ ဘာတွေဖြစ်စေလဲဆိုရင် -

      • ပစ္စည်းပြတ်လပ်မှု ခဏခဏဖြစ်ခြင်း (Stockouts)

      • ဝန်ထမ်းအဝင်အထွက်စာရင်း မမှန်ကန်ခြင်း

      • Vendor တွေကို ငွေချေတဲ့နေရာမှာ စာရင်းအမှားအယွင်းရှိခြင်းနဲ့ စာရင်းဇယား ရှုပ်ထွေးခြင်း။

    ​2. Odoo Standard ဖြင့် ဖြေရှင်းပုံ (The Standard Solution)

    ​Software ကို ပိုက်ဆံအကုန်ခံပြီး Coding အသစ်များဖြင့်ပြန်ရေးမယ့်အစား၊ Odoo ရဲ့ မူလ App တွေကိုပဲ လုပ်ငန်းနဲ့ကိုက်ညီအောင် Config လုပ်ပြီး သုံးစွဲခဲ့ပါတယ် -

      • CRM & Sales: Customer စုံစမ်းတာကနေစပြီး အရောင်း Quotation ထွက်သည်အထိ အလိုအလျောက် ချိတ်ဆက်လုပ်ဆောင်ပေးတယ်။

      • Inventory Management: အရောင်းအဝယ်စာရင်းတွေ ဖွင့်လိုက်တာနဲ့ စတော့ခ်စာရင်းက အလိုအလျောက် (Real-time) အတိုးအလျှော့ ဖြစ်သွားတယ်။

      • Accounting: Invoice များ၊ အသုံးစရိတ်များနှင့် ဘဏ်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း (Bank Reconciliation) များကို လူကိုယ်တိုင်လုပ်စရာမလိုဘဲ system မှာအလိုအလျောက် တွက်ချက်ပေးလို့ အမှားအယွင်း မရှိတော့ပါဘူး။

    ​3. ရရှိလာသော ရလဒ်များ (The Measured Results)

    ​Custom အများကြီး ပြင်မရေးခဲ့တဲ့အတွက် ရေရှည်ထိန်းသိမ်းခ သက်သာပြီး နောင်တစ်ချိန် System Version Upgrade မြှင့်တဲ့အခါမှာလည်း လွယ်ကူသွားပါတယ်။ ရရှိလာတဲ့ ရလဒ်တွေကတော့ -

      • စတော့ခ်ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်ကို ၂၂% မှ ၃၀% အထိ လျှော့ချနိုင်ခဲ့ပြီး ပစ္စည်းပြတ်လပ်မှုတွေကို ကာကွယ်နိုင်ခဲ့တယ်။

      • Quotations နှင့် အော်ဒါလုပ်ဆောင်ရမယ့် အချိန်တွေကို သိသိသာသာ လျှော့ချနိုင်ခဲ့တယ် (ဥပမာ- မိနစ် ၄၅ မိနစ် ကြာရာမှ ၈ မိနစ် သို့ သက်သာသွားခြင်း)။

      • Software တွေ အများကြီးခွဲဝယ်ရတဲ့ စရိတ်တွေ သက်သာသွားလို့ ရင်းနှီးမြှုပ်နှံမှုဟာ ၄ လမှ ၉ လအတွင်း အရင်းကျေ (ROI ရရှိ) ခဲ့ပါတယ်။

    Standard ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ?
    • အဆင့်ဆင့် တိုးချဲ့နိုင်ခြင်း (Scalable & Modular): တစ်ခါတည်း အကုန်ဝယ်စရာမလိုပါဘူး။ စစချင်းမှာ Operation အတွက် အရေးကြီးဆုံးဖြစ်တဲ့ Sale, Purchase, Inventory, Accounting Module နဲ့ စတင်ပြီး၊ လုပ်ငန်းကြီးထွားလာမှ Manufacturing တို့ eCommerce တို့ကို တဖြည်းဖြည်း ချိတ်ဆက်သွားလို့ရပါတယ်။


    • Technical Debt (နည်းပညာကြွေးမြီး) မရှိခြင်း: Software ကို Custom Code တွေ အများကြီး ပြင်ရေးထားရင် နောင်ပြင်ရဆင်ရ ခက်ခဲပြီး ကုန်ကျစရိတ်ကြီးပါတယ်။ Standard ကတော့ (Custom Python/XML) ပြန်ရေးစရာမလိုတဲ့အတွက် နောက်ပိုင်း ဗားရှင်းအသစ်ပြောင်းရင် အဆင်ပြေပြေ ချောမွေ့စေပါတယ်။


    • Unified Ecosystem:  Odoo ရဲ့ မူလ Module တွေဟာ တစ်ခုနဲ့တစ်ခု အလိုအလျောက် ချိတ်ဆက်ပြီးသားဖြစ်လို့ (Excel သို့မဟုတ် Stand-alone Software တွေကို ကြားခံချိတ်ရသလိုမျိုး) Third-party integration တွေအတွက် ခေါင်းစားခံစရာ မလိုတော့ပါဘူး။

    ဘယ်အချိန်မှာ Standard ကို ရွေးချယ်သင့်လဲ? 

    သင့်လုပ်ငန်းကို အမြန်ဆုံး ဒီဂျစ်တယ်စနစ် ပြောင်းလဲချင်တယ်၊ ဘတ်ဂျက် အကန့်အသတ်ရှိတယ်၊ ရေရှည်မှာလည်း ခေါင်းခဲစရာမလိုဘဲ Version အသစ်တွေကို အလွယ်တကူ သုံးချင်တယ်ဆိုရင်တော့ Standard Function ကိုပဲ သုံးပြီး မိမိလုပ်ငန်းပုံစံကို Odoo စနစ်အတိုင်း ညှိနှိုင်းအသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။ 

    Golden Rule (80/20 Rule): လုပ်ငန်းတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းသော အထွေထွေလုပ်ငန်းစဉ် (Accounting, Purchase, Inventory, Sales) တွေကို Standard အတိုင်း သုံးပြီး၊ တကယ့်ကို လုပ်ငန်းက Unique ဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းသော လုပ်ငန်းစဉ်ကိုသာ Phase 2 အနေနဲ့ Customization လုပ်ခြင်းက အအောင်မြင်ဆုံးနှင့် အသက်သာဆုံးသော ERP Implementation ဖြစ်လာပါလိမ့်မယ်။ 

    ​ ​Odoo ရဲ့ Standard Feature & Function တွေကို ယုံကြည်စိတ်ချစွာ အသုံးပြုခြင်းက လုပ်ငန်းလုပ်ထုံးလုပ်နည်းကို လျှော့ချလိုက်တာမဟုတ်ဘဲ၊ ပိုမိုမြန်ဆန် စနစ်ကျပြီး ရေရှည်မှာ စိတ်ချရတဲ့ စနစ်တစ်ခုကို ပိုင်ဆိုင်ခွင့် ရရှိစေတာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ ပုံစံကို Odoo Standard နဲ့ အတတ်နိုင်ဆုံး ညှိနှိုင်း အသုံးပြုခြင်းဖြင့် ERP Implementation ကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေပြီး နောင်တစ်ချိန် လုပ်ငန်းတိုးချဲ့တဲ့အခါမှာလည်း ပိုမို လိုက်လျောညီထွေရှိပြီး Flexible (ပြောင်းလွယ်ပြင်လွယ်) ဖြစ်စေမှာ ဖြစ်ပါတယ်။ 

    in Odoo User Manual
    # Change Business Digital Transformation ERP Odoo Odoo Standard
    Wai Phyo Aung 2026- ဇူလိုင် 8
    Share this post

    ဝေမျှ

    တက်(ဒ်)များ
    Edit
    Change Business Digital Transformation ERP Odoo Odoo Standard
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Sign in to leave a comment


    ​
    How to send tickets to SMEI Support Team
    Follow us

    No.36, 20th Floor, Office Tower 2, Times City, Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect