Skip to Content


Be The Different!

မတူကွဲပြားနေမှာကို မကြောက်ပါနဲ့
2026- မေ 11 by
Wai Phyo Aung
| No comments yet

“ အများနဲ့ မတူကွဲပြားနေမှာကို မကြောက်ပါနဲ့ ”

ဒီနေ့ခေတ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လောကထဲမှာ "လူကြားထဲ တိုးမပေါက်အောင် တော်နေဖို့" ထက် "လူကြားထဲ ထင်ပေါ်နေဖို့ (Unique ဖြစ်ဖို့)" က ပိုအရေးကြီးလာပါတယ်။ "Be The Different!" ဆိုတဲ့ ခေါင်းစဉ်အတိုင်း ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့လုပ်ငန်းကိုပါ ဘယ်လိုထူးခြားအောင် လုပ်မလဲဆိုတာ ဒီ Blog လေးမှာ မျှဝေပေးချင်ပါတယ်။

လူတိုင်းလုပ်နေတဲ့လမ်းကို လိုက်လျှောက်နေသရွေ့တော့ လူအများထဲက တစ်ယောက် (One of them) ပဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်သူတွေဟာ အမြဲတမ်း The Only One ဖြစ်အောင် ကြိုးစားကြပါတယ်။  လူအများစုက အောင်မြင်ချင်ကြပေမဲ့ လူအများစု သွားနေတဲ့ လမ်းဟောင်းအတိုင်းပဲ လျှောက်နေတတ်ကြပါတယ်။ တကယ့် "Game Changer" တွေကတော့ အမြင်မတူတဲ့အပြင် လုပ်ဆောင်ပုံမှာလည်း နည်းပညာနဲ့ တီထွင်ဖန်တီးမှုကို ပေါင်းစပ်တတ်ကြသူတွေပါ။

ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ "Red Ocean" ဈေးကွက်ထဲမှာ "တော်ရုံ" နဲ့ မလုံလောက်တော့ဘဲ "ထူးခြားနေဖို့" က အဓိကကျလာပါတယ်။ "Be The Different!" ဆိုတာ trend စကားတစ်ခုမဟုတ်တော့ဘဲ စီးပွားရေးနဲ့ ဘဝရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ Strategy တစ်ခုဖြစ်ပါတယ်။ လူကြားထဲမှာ ပျောက်ကွယ်မသွားဘဲ အစားထိုးမရတဲ့သူတစ်ယောက် ဖြစ်လာဖို့ ဘယ်လိုတွေ ပြောင်းလဲရမလဲ?

ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပါ  (Personal Growth)

အများနဲ့မတူချင်ရင် အများလုပ်သလို မလုပ်ပါနဲ့။ အားလုံးက အိပ်နေချိန်မှာ သင်က စာဖတ်နေသူဖြစ်ပါစေ။

  • တခြားသူတွေမရှိတဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်အောင် လုပ်ပါ။

  • ပြဿနာကို အခက်အခဲလို့မမြင်ဘဲ အခွင့်အရေးလို့ မြင်တတ်တဲ့ အကျင့်ကို မွေးမြူပါ။

  • အများစုက အားလပ်ချိန်မှာ Entertainment နောက်ပဲ လိုက်နေချိန်မှာ သင်ကတော့ Skill အသစ်တစ်ခုခု (ဥပမာ- AI tools တွေကို ကိုယ့်အလုပ်မှာ ဘယ်လိုအသုံးချမလဲ) ဆိုတာမျိုးကို လေ့လာနေသူ ဖြစ်ပါစေ။

  • လူတိုင်း ကြိုးစားကြပါတယ်။ ဒါပေမဲ့ "မတူညီတဲ့ ရလဒ်" လိုချင်ရင် "မတူညီတဲ့ နည်းလမ်း" နဲ့ ကြိုးစားရပါမယ်။ အချက်အလက် (Data) တွေကို အခြေခံပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်အောင် လေ့ကျင့်ပါ။

ကိုယ့်လုပ်ငန်းကို ထူးခြားအောင်ဖန်တီးပါ (Unique Business Identity)

ဈေးကွက်ထဲမှာ သင့်လိုလုပ်ငန်းတွေ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ Consumer တွေက သင့်ဆီကပဲ ဘာကြောင့်ဝယ်ရမလဲ?

  • "အရည်အသွေးကောင်းရုံ" နဲ့ မလုံလောက်တော့ပါဘူး။ စိတ်ရင်းမှန်တဲ့ ဝန်ဆောင်မှု (Emotional Connection) ပေးနိုင်တာက သင့်ကို အများနဲ့ ကွဲထွက်စေပါတယ်။

  • သင့်လုပ်ငန်းရဲ့ နောက်ကွယ်က ရည်ရွယ်ချက်နဲ့ ဖြတ်သန်းမှုများကို ပုံပြင်တစ်ပုဒ်လို ချပြပါ။ 

  • သူများလုပ်သမျှ လိုက်အတုခိုးတာထက် ကိုယ့် Brand ရဲ့ မူလ Identity ကို ထိန်းသိမ်းပါ။ လူတွေဟာ ပစ္စည်းကို မဝယ်ခင် ထိုပစ္စည်းရဲ့  "အကြောင်း" ကို အရင်ဝယ်ကြတာပါ။

  • ဈေးနှုန်းချပြီး ပြိုင်ဆိုင်တာဟာ ခဏတာပါပဲ။ အများနဲ့မတူချင်ရင် "ဈေးအသက်သာဆုံး" ဖြစ်ဖို့ထက် "တန်ဖိုးအရှိဆုံး" ဖြစ်အောင် ကြိုးစားပါ။

မတူညီတဲ့ နည်းလမ်းနဲ့ ကြိုးစားပါ (Work Smarter)

"အလုပ်ကြိုးစားရမယ်" ဆိုတာ မှန်ပေမဲ့ အများနဲ့မတူတဲ့ ရလဒ်လိုချင်ရင် "ဘယ်လိုကြိုးစားမလဲ" ဆိုတာက ပိုအရေးကြီးပါတယ်။

  • သင့်ရဲ့ လုပ်ငန်းပုံစံဟာ ဒီနေ့အတွက်တင်မဟုတ်ဘဲ နောင်တစ်ချိန်မှာ အဆမတန် ကြီးထွားလာနိုင်မယ့် Scalability နဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို လိုက်လျောညီထွေဖြစ်မယ့် Flexibility ကို အခြေခံထားရပါမယ်။ "အရင်က ဒီလိုပဲ လုပ်နေကျပဲ" ဆိုတဲ့ အတွေးဟောင်းကို ဖယ်ထုတ်ပြီး ခေတ်မီတဲ့ နည်းပညာသစ်တွေကို အမြဲ Update လုပ်နေပါ။

  •  စီးပွားရေးလုပ်ငန်းတစ်ခုမှာ Manual စနစ်တွေနဲ့ပဲ လည်ပတ်နေတာဟာ အချိန်နဲ့ လူအင်အားကို ဖြုန်းတီးရာရောက်ပါတယ်။ "Change your management into digitally" ဆိုတဲ့ Mindset ဖြင့် လုပ်ငန်းစဉ်တွေကို System သို့မဟုတ် Software စနစ်တွေ (ဥပမာ- Odoo ERP System) အသုံးပြုပြီး စနစ်တကျ ပြောင်းလဲလိုက်ပါ။ ဒါဟာ သင့်ကို ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာစေပါလိမ့်မယ်။

  • အများစုက လမ်းခုလတ်မှာ လက်လျှော့သွားတတ်ကြပါတယ်။ သင်က ဆုံးခန်းတိုင်အောင် မတူညီတဲ့ ဇွဲနဲ့ ဆက်သွားနေရင်ကိုပဲ သင်ဟာ သူတို့ထက် သာလွန်နေပါပြီ။


အနှစ်ချုပ်ရရင် "ထူးခြားခြင်း" ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာမျိုး မဟုတ်ပါဘူး။ ဒါဟာ နေ့စဉ်နဲ့အမျှ နည်းပညာကို အသုံးချတာ၊ တီထွင်ဖန်တီးတာနဲ့ ကိုယ့်ရဲ့ မူလ Identity ကို မပျောက်ပျက်အောင် ထိန်းသိမ်းတာတွေကနေ စတင်တာဖြစ်ပါတယ်။ လူတိုင်း လျှောက်နေတဲ့ လမ်းဟောင်းမှာ လူတိုးခံပြီး လျှောက်မယ့်အစား ကိုယ်ပိုင်လမ်းသစ်တစ်ခုကို ဖောက်လုပ်လိုက်ပါ။ သင့်ရဲ့ ထူးခြားမှု (Uniqueness) ကသာ သင့်ကို အောင်မြင်မှု ပန်းတိုင်ဆီ အမြန်ဆုံး ပို့ဆောင်ပေးမယ့် လျှို့ဝှက်လက်နက် ဖြစ်ပါလိမ့်မယ်။

သင့်လုပ်ငန်းကို Be The Different! ဖြစ်စေချင်တယ်ဆိုလျှင် Smei မှ မတူညီတဲ့ပုံစံများစွာဖြင့် လုပ်ငန်းတိုးတက်ဖို့အတွက် ကူညီပံ့ပိုးပေးနိုင်ပါတယ်။ 


Wai Phyo Aung 2026- မေ 11
Share this post
ခေါက်သိမ်း
Sign in to leave a comment


Hidden Costs
( ငွေမျက်နှာဖုံး )