Skip to Content
SME Intellect Co., Ltd.
  • အိမ်
  • ဖြေရှင်းချက်များ
    • Odoo
    • ဂူဂဲလ် ဝက်စ်ပေ့စ်
    • စာရွက်စာတမ်း
  • ဝန်ဆောင်မှုများ
    • Odoo အကူအညီ
    • Odoo အကောင်အထည်ဖော်ခြင်း
    • Odoo အထူးပြုလုပ်ခြင်း
    • လေ့လာမှုနှင့် အထောက်အကူ
  • ချိန်းဆိုမှု
  • ဖတ်စရာ
  • အလုပ်ခေါ်စာ
  • ကျွန်ုပ်တို့အကြောင်း
  • ဗမာစာ English (US)
  • Sign in
  • ကျွန်ုပ်တို့ကိုဆက်သွယ်ပါ
SME Intellect Co., Ltd.
      • အိမ်
      • ဖြေရှင်းချက်များ
        • Odoo
        • ဂူဂဲလ် ဝက်စ်ပေ့စ်
        • စာရွက်စာတမ်း
      • ဝန်ဆောင်မှုများ
        • Odoo အကူအညီ
        • Odoo အကောင်အထည်ဖော်ခြင်း
        • Odoo အထူးပြုလုပ်ခြင်း
        • လေ့လာမှုနှင့် အထောက်အကူ
      • ချိန်းဆိုမှု
      • ဖတ်စရာ
      • အလုပ်ခေါ်စာ
      • ကျွန်ုပ်တို့အကြောင်း
    • ဗမာစာ English (US)
    • Sign in
    • ကျွန်ုပ်တို့ကိုဆက်သွယ်ပါ


    ​

    အသွင်ကူးပြောင်းမှု၏ ပထမခြေလှမ်း

    Change Management မှသည် Digital Transformation ဆီသို့
    2026- ဖေဖော်ဝါရီ 21 by
    အသွင်ကူးပြောင်းမှု၏ ပထမခြေလှမ်း
    Wai Phyo Aung
    | No comments yet

    ​ ​လုပ်ငန်းရှင်တစ်ဦးအနေနဲ့ မိမိရဲ့လုပ်ငန်းကို ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ ခေတ်နဲ့အညီ တိုးတက်လာစေဖို့ဆိုရင် Digital Transformation ဆိုတဲ့ စကားလုံးက ရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ လုပ်ငန်းအများစုမှာ ကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုကတော့ နည်းပညာကို စတင်အသုံးပြုဖို့ထက်၊ လက်ရှိသွားနေတဲ့ လုပ်ထုံးလုပ်နည်းဟောင်းတွေကနေ ရုန်းထွက်ဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။ နှစ်သစ်တစ်ခုကို ကူးပြောင်းလာတဲ့အခါမှာ လုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲချင်တဲ့ ဆန္ဒရှိပေမဲ့ ဘယ်ကနေ စတင်ခြေလှမ်းပြင်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေတဲ့ လုပ်ငန်းရှင်တွေအတွက် Change Management နဲ့ Digital Transformation ဆက်စပ်ပုံကို မိတ်ဆက်ပေးချင်ပါတယ်။ 

    ​ ​အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ နည်းပညာကို အသုံးချဖို့ စဥ်းစားကြပေမဲ့ တကယ့်တကယ် ပြောင်းလဲဖို့အတွက် နည်းပညာထက် စိတ်ဓာတ်နဲ့ စီမံခန့်ခွဲမှုပုံစံ (Mindset & Management) က ပိုအရေးကြီးတယ်ဆိုတာကို သတိပြုမိကြသူ နည်းပါးပါတယ်။  စနစ်တကျနဲ့ ခေတ်မီအောင် လုပ်ငန်းကိုပုံဖော်ချင်ပေမဲ့ "ဘယ်ကနေ စတင်ရမလဲ" ဆိုတာ ဝေခွဲမရဖြစ်နေပါသလား? ဒီ Blog လေးကိုဖတ်ပြီး လူကြီးမင်းတို့အနေနဲ့ ဘယ်ကနေ ဘယ်လိုစတင်ရမလဲဆိုတဲ့ အတွေးတစ်ခုကို ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

    ​ ​နေ့စဉ်လုပ်ငန်းခွင်တွေကို ပြန်ကြည့်ရင် အရောင်းအဝယ်ပိုင်းမှာ လက်ရေးဘောင်ချာတွေကိုပဲ အသုံးပြုပြီး အချိန်ကုန်နေရတာ၊ တစ်ရက်တာ ရောင်းအားကို သိဖို့အတွက် စာရင်းစာအုပ်တွေကို တစ်ရွက်ချင်းပြန်လှန် ကြည့်နေရတာတွေက လုပ်ငန်းရဲ့ လည်ပတ်မှုကို အလွန်နှေးကွေးစေပါတယ်။ အထူးသဖြင့် ဂိုထောင်ထဲက ပစ္စည်းလက်ကျန် စာရင်းတွေ၊ အဝင်အထွက် စာရင်းတွေကို စစ်ဆေးတဲ့အခါမှာ လူအင်အားအများကြီး အသုံးပြုပြီး စာရွက်စာတမ်းတွေကိုပဲ အမှီသဟဲပြုနေရမယ်ဆိုရင်တော့ သင့်လုပ်ငန်းရဲ့ ရေရှည်တိုးတက်မှုနှုန်းက သိသိသာသာ နှောင့်နှေးနေဦးမှာပဲ ဖြစ်ပါတယ်။

    ​ ​အခုလို Modern Technology နဲ့ AI ခေတ်ကြီးထဲမှာ အောင်မြင်နေတဲ့ လုပ်ငန်းတိုင်းဟာ သူတို့ရဲ့ လည်ပတ်မှုတွေမှာ Operation Management System၊ Business Management System ဒါမှမဟုတ် Employee Management System လိုမျိုး ခေတ်မီစနစ်တွေကို အသုံးပြုပြီး အချိန်နဲ့ လူအင်အားကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံနေကြတာပါ။ဒါကြောင့် သင့်လုပ်ငန်းမှာလည်း စီမံခန့်ခွဲမှုတွေကို စနစ်တကျ ထိန်းချုပ်ချင်တယ်၊ လုပ်ငန်းလည်ပတ်မှုကို ပိုမိုမြန်ဆန်စေချင်တယ်ဆိုရင်တော့ သင့်လုပ်ငန်းကို နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးနိုင်မယ့် Digital Transformation ကို စတင်ဖို့ အကြံပြုလိုပါတယ်။


    Digital Transformation ပြုလုပ်သောအခါ ဘယ်ကနေ ဘယ်လိုမျိုးစတင်ပြုလုပ်ရမလဲ?

    ​ ​Digital Transformation ကို အလုံးစုံ မစတင်ခင်မှာ သတိထားရမယ့် အချက်ကတော့ မိမိလုပ်ငန်းတွင်းမှာရှိတဲ့ Management System ကို အရင်ဦးစွာ ပြောင်းလဲရမယ့် Change Management ဆိုတဲ့ အသိစိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အသုံးပြုလာခဲ့တဲ့ မိရိုးဖလာ စီမံခန့်ခွဲမှုတွေကနေ Digital Environment ဆိုတဲ့ မတူညီတဲ့ ရပ်ဝန်းတစ်ခုဆီကို ကူးပြောင်းတဲ့အခါမှာ လုပ်ငန်းဆောင်တာတွေက အတူတူပဲဖြစ်နေပေမဲ့ လုပ်ဆောင်ပုံလုပ်ဆောင်နည်းတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိလာမှာဖြစ်ပါတယ်။


    Change Management ဆိုတာဘယ်လိုမျိုးလဲ?

    နည်းပညာထက် လူအဓိက (People over Technology)

    ​ ​Digital Transformation ဆိုတာ ဆော့ဖ်ဝဲလ်တစ်ခုကို ဝယ်ယူတပ်ဆင်လိုက်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ တကယ်တမ်း အသုံးပြုမယ့်သူတွေက သင့်ရဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ အပြောင်းအလဲကို လူတွေက ကြောက်ရွံ့တတ်ကြတဲ့အတွက် "ငါတို့ အလုပ်ပြုတ်တော့မှာလား?" ဒါမှမဟုတ် "ဒါကြီးက ရှုပ်ထွေးလွန်းတယ်" ဆိုတဲ့ စိုးရိမ်စိတ်တွေကို Change Management ကတစ်ဆင့် အရင်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။

    Change Management ဆိုတာကတော့ အရိုးရှင်းဆုံးပြောရရင် မိမိတို့ရဲ့ ထိန်းချုပ်မှုစနစ်နဲ့ စီမံခန့်ခွဲပုံကို ပြောင်းလဲတာ ဖြစ်ပါတယ်။  

    ❝ Change Management ဆိုတာ လုပ်ငန်းရဲ့ မူလစည်းကမ်းပုံစံတွေကို ဖျက်သိမ်းတာမဟုတ်ဘဲ၊ ခေတ်နဲ့မညီတော့တဲ့ လုပ်ထုံးလုပ်နည်းတွေကို ပိုကောင်းမွန်တဲ့ ပုံစံသစ်ထဲကို ထည့်သွင်းပုံဖော်ခြင်း ဖြစ်ပါတယ်။ ပြင်သင့်တာကိုပြင်၊ ပြောင်းသင့်တာကိုပြောင်းပြီး ခေတ်နဲ့အညီ ပိုမိုကောင်းမွန်အောင် မွမ်းမံခြင်းသာ ဖြစ်ပါတယ်။ ❞

    ဥပမာအားဖြင့် -

    • ဘောင်ချာစာရွက်တွေ ရေးမယ့်အစား Printer ကနေ Invoice တွေ ထုတ်တာ၊ 

    • Excel Report တွေကို Manual လုပ်မယ့်အစား ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ထွက်လာမယ့် Scalable Automatic Report တွေကို အသုံးပြုတာ၊ 

    • Ledger စာအုပ်တွေအစား Double Entry မလိုအပ်တဲ့ Systematic Finance System ကို အသုံးပြုတာတွေက လုပ်ငန်းရှင်တစ်ယောက်အတွက် အချိန်နဲ့ စိတ်အေးချမ်းမှုကို အများကြီး ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

    ဒါ့အပြင် - 

    • Customer စာရင်းတွေကို ဟိုစာအုပ်မှတ် ဒီစာအုပ်မှတ် လုပ်နေမယ့်အစား Customer Management System ကို အသုံးပြုပြီး စနစ်တကျ ထိန်းသိမ်းတာ၊ 

    • အပြင်မှာ လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေအတိုင်း Integrated Operation System ပေါ်မှာ စီမံခန့်ခွဲတာတွေက လုပ်ငန်းရဲ့ ပုံရိပ်ကိုလည်း ပိုမိုမြင့်တက်လာစေပါတယ်။ 

    • အရေးကြီးဆုံးအချက်ကတော့ ခြောက်လတစ်ခါ ဒါမှမဟုတ် တစ်နှစ်တစ်ခါမှ ကြည့်လို့ရနိုင်တဲ့ လချုပ်၊ နှစ်ချုပ် စာရင်းတွေကို စောင့်နေစရာမလိုတော့ဘဲ ဘယ်နေရာကနေမဆို၊ ဘယ်အချိန်မဆို အချိန်နဲ့တစ်ပြေးညီ စစ်ဆေးကြည့်ရှုနိုင်တာပဲ ဖြစ်ပါတယ်။

    ဒီလို ပြောင်းလဲမှုတွေ အမှန်တကယ် ဖြစ်လာဖို့အတွက်ဆိုရင်တော့ Change Management ဟာ တစ်ဦးတစ်ယောက်တည်းကိုပဲ ပြောင်းလဲရတာမဟုတ်ဘဲ Organization တစ်ခုလုံးက Top Level ကနေ Low Level အထိ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။


    Change Management ကိုဘယ်ကနေ စတင်ပြောင်းလဲရမလဲ?

    ​ ​အများစု မှားယွင်းတတ်ကြတာကတော့ Change Management ပြုလုပ်တဲ့အခါမှာ Middle နှင့် Low Level ဝန်ထမ်းတွေကိုပဲ အရင်စတင်ပြီး ပြောင်းလဲခိုင်းတတ်ကြတာပါ။ ဒါဟာ လုံးဝမှားတယ်လို့ မဆိုနိုင်ပေမဲ့ ထိရောက်မှုပိုင်းမှာတော့ အားနည်းနိုင်ပါတယ်။ သင့်ရဲ့ Business ကို Professional ဆန်ဆန် Corporate ပုံစံသွားချင်တယ်ဆိုရင်တော့ သင့် Organization ရဲ့ Top Layer မှာရှိတဲ့ Management Team သို့မဟုတ် ဆုံးဖြတ်ချက်ချနိုင်သူ (Decision Makers) တွေကနေ စတင်ပြီး Change Management ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမယ် ဆိုသလိုပဲ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်တွေက စတင်ပြီး မိမိလုပ်ငန်းအတွက် ပြောင်းလဲမှုတွေကို ဦးဆောင်ပြုလုပ်မှသာလျှင် Digital Transformation ဟာ အောင်မြင်ချောမွေ့မှာ ဖြစ်ပါတယ်။ ဒီနှစ်သစ်မှာတော့ သင့်လုပ်ငန်းကို နည်းပညာရဲ့ အင်အားနှင့်အတူ အရှိန်အဟုန်နဲ့ တိုးတက်အောင် စတင်ပြင်ဆင်လိုက်ဖို့ တိုက်တွန်းလိုပါတယ်။


    Digital Transformation တွင် Change Management က ဘာကြောင့် အရေးပါလဲ?
    1.Keeping Pace with External Market Shifts

    ​ ​ယနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ နည်းပညာ တိုးတက်မှုနှုန်းက အလွန်မြန်ဆန်ပါတယ်။ Nokia လိုမျိုး ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုတောင် နည်းပညာအပြောင်းအလဲကို အမှီမလိုက်နိုင်ခဲ့လို့ Market Share ဆုံးရှုံးခဲ့ရတာကို သင်ခန်းစာယူရပါမယ်။ Change Management က သင့်လုပ်ငန်းကို ခေတ်ရေစီးကြောင်းနဲ့အညီ အမြဲတစေ လိုက်လျောညီထွေဖြစ်အောင် (Agile) ပြင်ဆင်ပေးထားနိုင်ပါတယ်။

    2.Overcoming Resistance through People-Centric Management

    ​ ​လူတွေဟာ မိမိတို့ ကျွမ်းကျင်နေပြီးသား လုပ်ထုံးလုပ်နည်းဟောင်းတွေကို စွန့်လွှတ်ဖို့ ဝန်လေးတတ်ကြတာ သဘာဝပါ။ "ဒါကြီးက ခက်တယ်"၊ "ငါတို့အတွက် မလိုပါဘူး" ဆိုတဲ့ ငြင်းဆန်မှုတွေဟာ Digital Transformation ကို နှောင့်နှေးစေပါတယ်။ စနစ်တကျရှိတဲ့ Change Management က ဝန်ထမ်းတွေနဲ့ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုနိုင်ပြီး သူတို့ရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်ပေးနိုင်တဲ့အတွက် အပြောင်းအလဲကို ပိုမိုမြန်ဆန်စေပါတယ်။

    3.Maximizing Return on Investment (ROI)

    ​ ​နည်းပညာသစ်တစ်ခုအတွက် ငွေကုန်ကြေးကျခံ ရင်းနှီးမြှုပ်နှံထားပေမဲ့ ဝန်ထမ်းတွေက အသုံးမပြုဘူးဆိုရင် အဲဒီငွေတွေဟာ အလဟဿ ဖြစ်သွားမှာပါ။ Change Management က ဝန်ထမ်းတွေကို နည်းပညာအသစ်နဲ့ ယဉ်ပါးအောင်၊ ကျွမ်းကျင်အောင် လေ့ကျင့်ပေးတဲ့အတွက် လုပ်ငန်းရဲ့ စွမ်းဆောင်ရည် (Productivity) ကို မြင့်တက်စေပြီး ရင်းနှီးမြှုပ်နှံမှုအပေါ် ထိုက်တန်တဲ့ အကျိုးအမြတ်ကို ပြန်လည်ရရှိစေပါတယ်။

    4.Enabling Cross-Functional Integration

    Digital Transformation ဆိုတာ ဌာနတစ်ခုတည်း ပြောင်းလဲရတာမဟုတ်ဘဲ လုပ်ငန်းတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ Change Management က:

    • လုပ်ငန်းရဲ့ မဟာဗျူဟာနဲ့ နည်းပညာပြောင်းလဲမှုကို တစ်သားတည်းဖြစ်အောင် ညှိနှိုင်းပေးပါတယ်။

    • ဌာနတစ်ခုနဲ့တစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

    • ပြောင်းလဲမှုကာလအတွင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို စနစ်တကျ ဖြေရှင်းပေးပါတယ်။

    5.Strategic Risk Mitigation and Cost Reduction

    ​ ​စနစ်တကျ စီမံခန့်ခွဲမှုမရှိဘဲ ပြောင်းလဲဖို့ ကြိုးစားခြင်းက လုပ်ငန်းလည်ပတ်မှုကို ရပ်တန့်စေနိုင်သလို မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ Change Management က အပြောင်းအလဲကို ချောမွေ့စေတဲ့အတွက် အချိန်ဖြုန်းတီးမှုနဲ့ အမှားအယွင်းတွေကို များစွာလျှော့ချပေးပြီး ကုန်ကျစရိတ် ပိုမိုသက်သာစေပါတယ်။

    ​ ​ဒါ‌ကြောင့် Digital Transformation ဆိုတာ "ဦးတည်ရာ" ဖြစ်ပြီး Change Management ဆိုတာကတော့ အဲဒီနေရာကို ဘေးကင်းချောမွေ့စွာ ရောက်ရှိအောင် ပို့ဆောင်ပေးမယ့် "ယာဉ်မောင်း" ဖြစ်ပါတယ်။ နည်းပညာကို လူတွေက လက်ခံလာအောင်၊ အဆင်ပြေပြေ အသုံးချလာနိုင်အောင် ဖန်တီးပေးခြင်းကသာ သင့်လုပ်ငန်းကို ရေရှည်တည်တံ့ ခိုင်မြဲစေမှာ ဖြစ်ပါတယ်။ အပြောင်းအလဲဆိုတာ ခက်ခဲနိုင်ပေမဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ရင်တော့ သင့်လုပ်ငန်းဟာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်း သာနေမှာ အသေအချာပါပဲ။

    သင့်လုပ်ငန်းကိုရော ဒီနှစ်သစ်မှာ Change Management နှင့်အတူ Digital Transformation ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြီလား? 


    in Our Blog
    # Change Management Digital Transformation ERP Implementation Odoo
    အသွင်ကူးပြောင်းမှု၏ ပထမခြေလှမ်း
    Wai Phyo Aung 2026- ဖေဖော်ဝါရီ 21
    Share this post
    တက်(ဒ်)များ
    Edit
    Change Management Digital Transformation ERP Implementation Odoo
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Sign in to leave a comment


    ​
    5 Best Practices for Digital Transformation!
    မည်သို့သော ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါမဆို Challenges များစွာကိုရင်ဆိုင်ရနိုင်ပါတယ် ..
    Follow us

    No.36, 20th Floor, Office Tower 2, Times City, Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect