Skip to Content
SME Intellect Co., Ltd.
  • Home
  • Solutions
    • Odoo
    • Google Workspace
    • Document
  • ဝန်ဆောင်မှုများ
    • Odoo Help
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • ဖတ်စရာ
  • အလုပ်ခေါ်စာ
  • About Us
  • ဗမာစာ English (US)
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Solutions
        • Odoo
        • Google Workspace
        • Document
      • ဝန်ဆောင်မှုများ
        • Odoo Help
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • ဖတ်စရာ
      • အလုပ်ခေါ်စာ
      • About Us
    • ဗမာစာ English (US)
    • Sign in
    • Contact Us

    ERP Support Service က Users တွေအတွက် ဘယ်လောက်ထိ အ‌ရေးပါသလဲ!

    Users အနေနဲ့ Support Service ရယူထားပါက Business Operation တစ်ခုလုံးကို ချော့မွေ့စွာ လည်ပတ်စေနိုင်ဖို့ ကူညီပံ့ပိုးပေးပါတယ်..
    2023- ဒီဇင်ဘာ 14 by
    ERP Support Service က Users တွေအတွက် ဘယ်လောက်ထိ အ‌ရေးပါသလဲ!
    Sarep Dee Sar Aung


    ​

    ERP Support Service က Users တွေအတွက် ဘယ်လောက်ထိ အ‌ရေးပါသလဲ!

    ဘယ်လိုလုပ်ငန်းမျိုးမှာဖြစ်ဖြစ် ERP System ကို အသုံးပြုနေကြတဲ့ Users တွေအတွက် ERP Support Service က အလွန်အ‌ရေးပါတဲ့ Service ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ ERP Support Service က ဘာကြောင့် Users အတွက် အရေးပါရသလဲ ဆိုတာ အချက်အလက်နဲ့  ရှင်းပြပေးသွားပါမယ်။

    System Maintenance

    များသောအားဖြင့် ERP System က Complex ဖြစ်ပြီး Business Modules‌ များစွာနဲ့ ဖွဲ့စည်းထားတဲ့ Software တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ အချိန်တိုင်း Operation တစ်ခုလုံး လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်ဖို့အတွက် ပုံမှန် Maintenance ပြုလုပ်ဖို့ လိုအပ်ပါတယ်။  

    Bug Fixes

    အမှားနဲ့ကင်းတဲ့အရာ ဘယ်အရာမှ မရှိသလို ERP System မှာလည်း တခါတရံ နည်းပညာ ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံရတဲ့အခါ Service Vendor တွေ ဆီကနေ တဆင့် System Issue တွေကို အချိန်နဲ့တပြေးညီ ဖြေရှင်းပေးခြင်းများကို Users အနေနဲ့ ရယူဖို့ လိုအပ်ပါတယ်။

    Software Update and Upgrades

    Users တွေအနေနဲ့ Software အသုံးပြုတဲ့အခါ လွယ်ကူအောင်၊ လုံခြုံစိတ်ချရအောင်၊ စွမ်းဆောင်ရည်ကောင်းအောင် Software ဘက်မှ Update and Upgrade များ ပြုလုပ်တဲ့အခါ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ဖို့ ကိုယ့်ရဲ့ Vendor ဆီက Service တွေ ရယူဖို့ လိုအပ်ပါတယ်။ (smei မှ ဝန်ဆောင်မှုပေးနေတဲ့ Odoo ERP လည်း Users တွေအတွက် ပိုမိုကောင်းမွန်တဲ့ Software အဆင်မြင့်တင်ခြင်းများ ပြုလုပ်‌လေ့ရှိပါတယ်။)

    User Training 

    ကိုယ်ဝန်ထမ်းတွေက ERP System ကို အကျွမ်းတဝင်ရှိလာဖို့၊ Modules တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့  Software Vendor မှတဆင့် User Training တွေ ရယူနိုင်ပါတယ်။ User Training ရယူခြင်းရဲ့ အကျိုးကျေးဇူးက အချိန်တိုအတွင်း System နဲ့ အကျွမ်းတဝင်ရှိလာပြီး Software ကို ကောင်းစွာ အသုံးပြုနိုင်‌အောင် ပံ့ပိုးပေးပါတယ်။

    Customization and Integration

    မိမိလုပ်ငန်းရဲ့ လုပ်ငန်းခွင်ထဲက Process တွေအတိုင်း ERP System ထဲမှာ ချောမွေ့စွာ လည်ပတ်ချိတ်ဆက်နိုင်ဖို့အတွက် Customization and Integration တွေ ပြုလုပ်ရတဲ့အခါမှာလည်း Support Service တွေ ရယူဖို့ လိုအပ်ပါတယ်။

    Data Security 

    User Error ကြောင့် မိမိလုပ်ငန်းရဲ့ အ‌ရေးကြီးတဲ့ Data တွေ အမှားအယွင်းမဖြစ်သွားဖို့၊ အရေးကြီး Data တွေ ချိုးဖောက်ခံရခြင်း မရှိစေဖို့ နဲ့ System Downtime တွေ ဖြစ်လာခဲ့ရင် အချိန်နဲ့ တပြေးညီ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။

    ဒါတင်မကသေးပါဘူး.. Users အနေနဲ့ Support Service ရယူထားပါက System အသုံးပြုတဲ့အခါ ဖြစ်လာမယ့် အခက်အခဲပြသာနာတွေကို အလွယ်တကူ ဖြေရှင်းတားဆီးနိုင်ပြီး Business Operation တစ်ခုလုံးကို ချော့မွေ့စွာ လည်ပတ်စေနိုင်တဲ့ အတွက်ကြောင့် User အတွက်သာမက လုပ်ငန်းအတွက်ပါ အရေးပါတဲ့ Service ဖြစ်ပါတယ်။ 

    Odoo Silver Partner smei မှလည်း Odoo ERP Software ကို အသုံးပြုနေတဲ့ မြန်မာနိုင်ငံရှိ လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရတဲ့ Odoo Support Service များကို ဝန်ဆောင်မှုပေးနေပါတယ်။ 

    ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက် smei


    in Our Blog
    ERP Support Service က Users တွေအတွက် ဘယ်လောက်ထိ အ‌ရေးပါသလဲ!
    Sarep Dee Sar Aung 2023- ဒီဇင်ဘာ 14
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect