Skip to Content


​

Is Sharing an Odoo User Account Worth the Risk?

2026- အောက်တိုဘာ 15 by
Wai Phyo Aung
| 1 ကော်မန့်

လုပ်ငန်းရှင်တော်တော်များများ Odoo ERP စတင်အသုံးပြုတော့မယ်ဆိုရင် Budget အတွက် License ဝယ်ယူမှုအပိုင်းမှာ အောက်ပါမေးခွန်းတွေကို မကြာခဏ မေးလေ့ရှိကြပါတယ် -

  • "Odoo မှာ User ဝယ်ရတယ်ဆိုတာ ဘာလဲ?"

  • "User ဘယ်နှစ်ယောက်အထိ သုံးလို့ရသလဲ?"

  • "ကုန်ကျစရိတ် သက်သာအောင် User Account ၁ ခုတည်း ဝယ်ပြီး ဝန်ထမ်း ၃-၄ ယောက် Share သုံးလို့ မရဘူးလား?"

ကနဦး License ကုန်ကျစရိတ် သက်သာချင်တာကြောင့် Account တစ်ခုတည်းကို Share သုံးဖို့ စဉ်းစားလေ့ရှိကြပေမဲ့ အဲ့ဒီလိုသုံးစွဲခြင်းဟာ ERP စနစ်တစ်ခုရဲ့ အဓိက အသက်သွေးကြောဖြစ်တဲံ "Data တိကျမှန်ကန်မှု၊ Security လုံခြုံရေးနဲ့ တာဝန်ယူမှု/တာဝန်ခံမှု (Accountability)" တွေကို စိန်ခေါ်ရာ ရောက်သွားပါတယ်။

ဒီ Blog Article မှာတော့ Odoo User အမျိုးအစားများ၊ Licensing အလုပ်လုပ်ပုံနဲ့ Account Share သုံးခြင်းကြောင့် ကြုံတွေ့ရမယ့် နည်းပညာနဲ့ လုပ်ငန်းဆိုင်ရာ ကြီးမားတဲ့ ပြဿနာတွေကို အသေးစိတ် ရှင်းပြပေးသွားပါမယ်။


1. What is an Odoo User? 

(Odoo User ဆိုတာ ဘာလဲ?)

​​Odoo ERP မှာ User ဆိုတာ Database ထဲသို့ Login ဝင်ရောက်ပြီး လုပ်ငန်းဆိုင်ရာ ဒေတာများကို ကြည့်ရှု/ပြင်ဆင် ခွင့်ရှိသူကို ဆိုလိုပါတယ်။ Odoo မှာ User ကို အဓိက အမျိုးအစား (၂) မျိုး ခွဲခြားထားပါတယ် -

  • Internal Users (Paid License): လုပ်ငန်းတွင်းရှိ ဝန်ထမ်းများ (ဥပမာ - Sales, Accountant, Warehouse Staff, HR, Project Manager) ဖြစ်ပြီး နေ့စဉ် လုပ်ငန်းစဉ်များ အချိန်နှင့်တစ်ပြေးညီ Entryထည့်ခြင်း၊ Approval ပေးခြင်းနှင့် Report များ ကြည့်ရှုခြင်းတို့အတွက် Paid License လိုအပ်ပါတယ်။


  •  Portal Users (Free): လုပ်ငန်းပြင်ပမှ Customer များ သို့မဟုတ် Vendor/Supplier များ ဖြစ်ပါတယ်။ ၎င်းတို့သည် မိမိတို့နှင့် သက်ဆိုင်သော Document များ (Quotation, Invoice, Delivery Track Record) ကိုသာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Free အသုံးပြုခွင့် ရရှိပါတယ်။



2. How Many Users Can Use Odoo? 

(ဘယ်နှစ်ယောက်အထိ သုံးလို့ရသလဲ?)

Odoo ရဲ့ Subscription Licensing Model က Per Named User / Per Month (ဝယ်ယူအသုံးပြုမည့် သီးခြား User တစ်ယောက်ချင်းစီအလိုက်) ဖြစ်ပါတယ်။

​အသုံးပြုနိုင်သည့် User အရေအတွက်,အတွက် အကန့်အသတ် (Limit) မရှိပါ။ User (၃) ယောက် သာရှိသော တစ်နိုင်တစ်ပိုင် Retail လုပ်ငန်းမှသည် User (၃,၀၀၀) ကျော် ရှိသော Corporate Group ကြီးများအထိ စနစ်တကျနှင့် Scalable ဖြစ်အောင် တိုးမြှင့် သုံးစွဲနိုင်ပါတယ်။

​သို့သော် Odoo ရဲ့ စည်းမျဉ်းအရ "Named User Licensing" ဖြစ်သည့်အတွက် Systemထဲသို့ ဝင်ရောက်အသုံးပြုမည့် ဝန်ထမ်းတစ်ဦးချင်းစီတွင် သီးခြား Email/Login Account တစ်ခုစီ ရှိရမည် ဖြစ်ပါတယ်။


3. The Hidden Dangers of Sharing a Single Account 

(Account တစ်ခုတည်း Share သုံးရင် ဘာပြဿနာတွေ ကြုံရနိုင်လဲ?) 

​

​Odoo ERP အသုံးပြုတော့မည်ဆိုလျှင် Subscription Fee ကို သက်သာစေရန်အတွက် User Account တစ်ခုတည်းကို ဝန်ထမ်းအများအပြား Share သုံးရန် လုပ်ငန်းရှင်များ  စဉ်းစားလေ့ရှိကြပါတယ်။

သို့သော်လည်း အမှန်တကယ်တွင် ထိုသို့ Share သုံးခြင်းသည် ပထမဆုံး ကုန်ကျစရိတ် အနည်းငယ် သက်သာစေနိုင်သော်လည်း ရေရှည်တွင် လုပ်ငန်းဆိုင်ရာ ဆုံးရှုံးမှုကြီးမားခြင်း၊ ဒေတာများ လွဲမှားပြီး စနစ်ပျက်စီးခြင်းနှင့် လုံခြုံရေး ပေါက်ကြားခြင်း စသည့် ကြီးမားသော နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေပါတယ်။

❌ Complete Loss of Audit Trail & Accountability  (Audit မှတ်တမ်းနှင့် တာဝန်ခံမှု လုံးဝ ပျောက်ဆုံးခြင်း) 

​​Odoo ရဲ့ အားသာချက်တစ်ခုမှာ ဒေတာပြင်ဆင်ခြင်း၊ ပယ်ဖျက်မှုနဲ့ Approval တောင်းခံမှုတိုင်းကို မည်သူက ပြုလုပ်သွားသည်ဆိုတာကို Chatter / Audit Trail မှာ အလိုအလျောက် record မှတ်တမ်းတင်ပေးခြင်း ဖြစ်ပါတယ်။ User Account တစ်ခုတည်းကို ဝန်ထမ်းအများအပြား Share သုံးပါက Journal Entry မမှန်ခြင်း၊ Discount မမှန်ဘဲ ပေးလိုက်ခြင်း သို့မဟုတ် Data မှားသွင်းခြင်းများ ဖြစ်ပေါ်ပါက "မည်သူ့တာဝန် ဖြစ်သည်" ဆိုသည်ကို မည်သို့မျှ စစ်ဆေးရှာဖွေနိုင်တော့မည် မဟုတ်ပါ။ 


❌ Destruction of Access Rights & Data Security (Role-Based Security မရှိတော့ခြင်း)

​​Odoo တွင် Role-Based Access Rights (ရာထူးအလိုက် လုပ်ပိုင်ခွင့် ကန့်သတ်ခြင်း) permission configuration ပါဝင်ပါတယ်။ ဥပမာ - Sales Staff သည် မိမိ၏ Customer မူရင်းဈေးနှုန်းကိုသာ မြင်သင့်ပြီး Company ရဲ့ အမြတ်အစွန်း သို့မဟုတ် Accounting Data များကို မြင်ရန် မလိုအပ်ပါ။ Account Share သုံးပါက Cashier သို့မဟုတ် Salesman သည် Financial Reports, Payroll နှင့် Operational Cost များကိုပါ မြင်တွေ့သွားနိုင်သည့်အတွက် Security ပေါက်ပေါက်မှုများ ဖြစ်ပေါ်စေပါတယ်။ 


❌ Data Overwriting & System Concurrency Conflicts (Data ထပ်ခြင်းနှင့် လွဲမှားခြင်း) 

​​Account တစ်ခုတည်းကို သုံးပြီး လူနှစ်ယောက် သို့မဟုတ် သုံးယောက်မှ တစ်ပြိုင်နက်တည်း (Concurrent) ဒေတာများ ရိုက်ထည့်ပါက Session Conflict ဖြစ်နိုင်ပြီး ဒေတာများ Save မဖြစ်ဘဲ ကျန်ခဲ့ခြင်း သို့မဟုတ် Data ထပ်ပြီး Overwrite ဖြစ်သွားကာ Form သို့မဟုတ် Screen Freeze ဖြစ်သွားခြင်းနှင့် Database Error များတက်လာနိုင်ပြီး Data မမှန်ကန်မှုများ ဖြစ်ပေါ်စေပါတယ်။ 


❌ Internal Fraud & Unauthorized Data Deletion (ကုမ္ပဏီတွင်း မရိုးသားမှုနှင့် ဒေတာ ဖျက်ဆီးခံရခြင်း) 

​​ဝန်ထမ်းတစ်ဦးဦးက မရိုးမသား ပြုလုပ်လို၍ Customer ဖုန်းနံပါတ်များ၊ ဈေးနှုန်းများ၊ ဘဏ်စာရင်းများကို ပြင်ဆင်/ဖျက်ဆီးသွားပါခြင်း သို့မဟုတ် သတင်းအချက်အလက်များကို ခိုးယူသွားပါခြင်းသည် Account Share သုံးထားသည့်အတွက် မည်သူကပြုလုပ်သည်ကို ဥပဒေကြောင်းအရ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးအရ အထောက်အထား ရှာဖွေနိုင်မည် မဟုတ်ပါ။ 


❌Odoo Enterprise Subscription Policy Violation (License စည်းကမ်း ချိုးဖောက်မှု) 

​ ​Odoo Enterprise ရဲ့ စည်းမျဉ်းအရ User Account တွေကို "တစ်ယောက်ချင်းစီအတွက် သီးခြား" (Named User) ပဲ သတ်မှတ်ပေးထားတာပါ။ Account တစ်ခုတည်းကို လူအများအပြား Share သုံးတာက Odoo ရဲ့ စည်းကမ်းကို ချိုးဖောက်ရာ ရောက်သွားနိုင်ပါတယ်။ ဒါတင်မကဘဲ system ကနေ ဝင်သုံးနေတဲ့ IP Pattern တွေကို သတိပြုမိလို့ စည်းကမ်းနဲ့ မညီဘူးလို့ ယူဆလိုက်ရင် ကြိုတင်သတိမပေးဘဲ သင့်ရဲ့ Account ဒါမှမဟုတ် Database တစ်ခုလုံးကို Flag ခတ်တာ၊ Block လုပ်လိုက်တာမျိုးတွေ ကြုံရနိုင်တာမို့ သတိထားဖို့တော့ လိုပါမယ်။



Summary Matrix: Dedicated Users vs. Shared Accounts

 

Feature / Risk Dimension

Dedicated Named User Accounts

Shared Single Account

Data Traceability (Audit Trail)

🟢 100% Traceable via Chatter, LogNote

🔴 Zero Accountability

System Performance

🟢 Stable & Conflict-Free

🔴 High Risk of Session Crashes & Overwriting

Data Security & Privacy

🟢 Strict Role-Based Protection

🔴 Massive Leak Risk (Financials, Margins)

Internal Controls

🟢 Multi-level Approval Enforcement

🔴 Bypassed Approvals & Self-Approval Risk

Odoo Policy Compliance

🟢 100% Compliant

🔴 Direct Policy Violation & Account Block Risk

နိဂုံးချုပ် ‌အနေဖြင့် - 

​ ​ERP System တစ်ခုကို အသုံးပြုခြင်းနှင့် အကောင်ထည်ဖော်ခြင်းသည် သင့်လုပ်ငန်း၏ "စနစ်တကျ ထိန်းချုပ်မှု၊ ထိရောက်မှုနှင့် ဒေတာတိကျမှု" အတွက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါတယ်။ User License စရိတ် အနည်းငယ် သက်သာချင်ရုံဖြင့် Account Share သုံးပါက ရေရှည်တွင် ဒေတာလွဲမှားမှုနှင့် လုပ်ငန်းဆိုင်ရာ ဆုံးရှုံးမှုများ ပိုမိုကြီးမားသွားနိုင်ပါတယ်။

​ ​ထို့ကြောင့် သင့်လုပ်ငန်း၏ လုပ်ငန်းစဉ်များ စနစ်တကျ လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူ ဝန်ထမ်းအသီးသီးအား သီးခြား User Account များ စနစ်တကျ သတ်မှတ်ပေးပြီး အသုံးပြုမှသာ Odoo ERP ရဲ့ ထိရောက်မှုကို ရာနှုန်းပြည့် ရရှိစေမှာ ဖြစ်ပါတယ်။

Wai Phyo Aung 2026- အောက်တိုဘာ 15
Share this post
ခေါက်သိမ်း
Sign in to leave a comment


​
Odoo အသုံးမပြုမီ သိထားသင့်သော အချက် ၅ ချက်