Skip to Content
SME Intellect Co., Ltd.
  • Home
  • Solutions
    • Odoo
    • Google Workspace
    • Document
  • ဝန်ဆောင်မှုများ
    • Odoo Help
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • ဖတ်စရာ
  • အလုပ်ခေါ်စာ
  • About Us
  • ဗမာစာ English (US)
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Solutions
        • Odoo
        • Google Workspace
        • Document
      • ဝန်ဆောင်မှုများ
        • Odoo Help
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • ဖတ်စရာ
      • အလုပ်ခေါ်စာ
      • About Us
    • ဗမာစာ English (US)
    • Sign in
    • Contact Us

    Odoo ၏နောက်ကွယ် တည်ဆောက်ထားသော accounting

    2020- ဒီဇင်ဘာ 8 by
    Odoo ၏နောက်ကွယ် တည်ဆောက်ထားသော accounting
    SME Intellect Co. Ltd., Win Aung


    ​

    Accounting Behind Odoo
    လုပ်ငန်းတိုင်းတွင် စာရင်းစနစ် Accounting Systems သည် အလွန်အရေးပါပါသည်။ ထိုစနစ်သည် ရှင်းလင်းလွယ်ကူနေရမည့်အပြင် တခြား operations များနှင့်လည်း ဆက်စပ်လုပ်ကိုင်နိုင်လျှင်လွန်စာအကျိုးများလှပါသည်။ Odoo ERP ၏ core module တစ်ခုဖြစ်သော Accounting သည် မည်သို့အလုပ်လုပ်ကြောင်းကို ခြုံငုံရှင်းပြထားပါသည်။ 


    Double Entry စာရင်းသွင်းခြင်း

    Accounting Transactions တိုင်းအား Odoo သည်နောက်ကွယ်တွင် journal entries များပြုလုပ်ပေးပါသည်။ Odoo သည် double entry book keeping စနစ်အား အသုံးပြုပါသည်။ ဆိုလိုသည်မှာ Journal entries အားလုံးသည် အလိုအလျှောက် balance ဖြစ်ပီးသားဖြစ်ပါသည်။

    Accrual and Cash Basic နည်းလမ်းများ 

    Odoo သည် Accrual နည်းလမ်းရော cash basic နည်းလမ်းရော reporting အတွက် အသုံးပြုနိုင်ပါသည်။ ထိုကြောင့် (Accrual basic) သုံးထားပါက transaction ပြုလုပ်ချိန်မှာပင် reports တွင် income လား expense လားပေါ်လွင်နိုင်ပြီး ၊ (Cash Basic) သုံးထားပါက payment ပေးသည့်အချိန် (သို့မဟုတ်) လက်ခံသည့်အချိန်တွင်သာ Report တွင် income လား expense လားပေါ်စေနိုင်ပါသည်။ 


    Multiple Companies. 

    Odoo သည် ကုမ္ပဏီတစ်ခု သိုမဟုတ် ကုမ္ပဏီများစွာအား Database တစ်ခုတည်းတွင် ထည့်သွင်းအလုပ်လုပ်နိုင်ပါသည်။ ကုမ္ပဏီတစ်ခုချင်းစီတွင် ကိုယ်ပိုင် Chart of Account နှင့် Rules များကို အသုံးပြုနိုင်ပါသည်။ Consolidation reporting များကိုလည်း Consolidation reports များသုံးကာ ရယူတည်ဆောက်နိုင်ပါသည်။ 


    သင့် database အောက်တွင် Multiple Companies အသုံးပြုထားပြီး User များအား ကုမ္ပဏီများစွာအား ကြည့်ခွင့်ပေးနိုင်သော်လည်း တကြိမ်တွင် ကုမ္ပဏီတစ်ခုတွင်သာ အလုပ်လုပ်နိုင်ပါသည်။


    Multiple- Currencies

    Odoo တွင် တခြား ငွေးကြေးအမျိုးအစားများ (multi-currencies) ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ပြီး Transaction တိုင်းသည် ကုမ္ပဏီ၏ Main Currency ဖြင့်သာ General Ledger စာရင်း၀င်ပါသည်။ တခြားငွေကြေးများအား သက်ဆိုင်ရာ Exchange Rate ဖြင့်တွက်ချက်ကာစာရင်း၀င်ပါသည်။ တခြား Currency ဖြင့်စာရင်းသွင်းပါက အဓိက ငွေကြေးအမျိုးအစားအပြင် အဆိုပါ တခြား ငွေကြေးအမျိုးအစားဖြင့်ပါ မှတ်သားထားပါသည်။ Odoo သည် Journal items များအား reconciliation ပြုလုပ်ပီးပါက Currencies Gain နှင့် Losses များအား အလိုအလျှာက်တွက်ချက် စာရင်းသွင်းပေးနိုင်ပါသည်။ 


    Currencies rate များမှာ online website များပေါ်မှ တစ်ရက်တကြိမ်ဆွဲကာ automatic update လည်းပြုလုပ်နိုင်ပါသည်။ 


    International Standards

    Odoo Accounting သည် နိုင်ငံ၅၀ ကျော်အား support ပေးနိုင်ပါသည်။ Odoo ၏ core accounting သည် နိုင်ငံအားလုံးတွင်အသုံးပြုနိုင်သည့် accounting standard များအား အသုံးပြုပါသည်။ နိုင်ငံအလိုက် လိုအပ်သည့် modules များလည်းရှိပါသည် ဥပမာ Chart of Accounts, Taxes, Bank Interfaces. 


    ပုံမှန်အားဖြင့် ၊ Odoo Core Accounting Engines မှအောက်ပါတို့အား Support ပေးပါသည်


    • Anglo-Saxon Accounting (U.S., U.K.,, and other English-speaking countries including Ireland, Canada, Australia, and New Zealand) where costs of good sold are reported when products are sold/delivered. English စကားပြောသော နိုင်ငံများဖြစ်သည့် Ireland, Canada, Australia, နှင့် New Zealand စသည့်နိုင်ငံများတွင် သုံးသည့် Cost of Good sold သည် products အားရောင်းသည့်အခါ( သို့မဟုတ် ရောင်းပြီးပေးပို့လိုက်သည့်အခါ) မှသာ စာရင်း၀င်ပါသည်။

    • ဥရောပ နိုင်ငံများသည် Supplier bill ဖွင့်သည့်အချိန်တွင် Expenses အဖြစ် စာရင်း၀င်ပါသည်

    IFRS နှင့် Compliance ဖြစ်သည့် Modules များလည်းရှိပါသည်။ 


    Accounts Receivable & Payable

    ပုံမှန်အားဖြင့် Accounts Receivable အားလုံးအား တစ်ကောင့်တည်းသုံးလေ့ရှိပြီး Accounts Payable အာလုံးအားလည်း တစ်ကောင့်တည်းသာ သုံးစွဲပါသည်။ သင်လိုအပ်ပါက Customer / supplier အလိုက် accounts များဖွင့်သုံးနိုင်ပါသည် သို့သော် မဖြစ်မနေလုပ်ရန် မလိုအပ်ပေ။

    Transaction များသည် customer များ suppliers များနှင့် ဆက်စပ်နေသည့်အတွက်  customer/suppliers အလိုက် analysis ပြုလုပ်နိုင်ပါသည်။ ဥပမာ customer statement, revenues per customers, aged receivable/payables, …


    များပြားလှသော financial reports များ 

    Odoo တွင် financial reports များအား အချိန်တိုင်း (real time) ထုတ်နိုင်ပါသည်။ report များသည် အခြေခံ accounting report မှသည် အဆင့်မြင့် Management reports ထိထုတ်နိုင်ပါသည်။ Odoo reports တွင် 

    • မိမိလုပ်ငန်း၏ Performance အားဖော်ပြပေးနိုင်သည့် reports များ (ဥပမာ Profit and Loss, Budget Variance)

    • မိမိလုပ်ငန်း လက်ရှိအခြေအနေအား ဖော်ပြပေးနိုင်သည့် Position reports များ (ဥပမာ Balance Sheet, Aged Payables, Aged Receivables)

    • လုပ်ငန်း၏ ငွေအဝင်အထွက်အား ဖော်ပြပေးနိုင်သည့် Cash reports (ဥပမာ Cash Flow, Bank Summary)

    • အသေးစိတ် စာရင်းတစ်ခုချင်းကြည့်နိုင်သည့် Detail reports (ဥပမာ Trial Balance and General Ledger)

    • ပိုင်ရှင်နှင့် ခေါင်းဆောင်များအတွက် ခြုံငုံသုံးသပ်ရန် Management reports များ (ဥပမာ Budgets, Executive Summary)

    မိမိလိုချင်သည့် လိုအပ်သည့် reports မျာအား မိမိ Formula နှင့် မိမိဘာသာ  Customize လည်းလုပ်နိုင်ပါသည်။


     

    Import bank feeds automatically

    Banks Reconciliation ဆိုသည်မှာ Bank မှပေးပို့လိုက်သော Statement များအား သင့် GL တွင်ရှိသော Transactionျ များနှင့် ကိုက်မကိုက်တိုက်ကြည့်ရသော အလုပ်ဖြစ်ပါသည်။ Odoo မှ ထိုလုပ်ငန်းစဥ်အားလွယ်ကူအောင်လုပ်ပေးထားပါသည်။ Bank Statement အား import လုပ်ကာ automatic reconciliation ပြုလုပ်နိုင်ပါသည်။ သင့်ဘဏ်သာ ထောက်ပံ့ပေးပါက ဘဏ်စနစ်နှင့်ချိတ်ဆက်ကာ auto reconciliation ပြုလုပ်နိုင်ပါသည်။ ထိုကြောင့် သင့် Cash Flow အား online Banking အား၀င်ကြည့်နေစရာမလိုပဲ နေ့စဥ် အလွယ်တကူ တိုက်နိုင်ပါသည်။ 

    Odoo သည် Bank Reconciliation ပြုလုပ်ရာတွင် အများစုကို Matching ပြုလုပ်နိုင်သဖြင့် အလွန်မြန်ဆန်စွာ Bank Reconciliation ပြုလုပ်နိုင်ပါသည်။ သင်မည်သို့ သတ်မှတ်သည်ကိုလည်း မှတ်သားနိုင်ပြီး လိုအပ်သလို GL transaction များလည်း ပြုလုပ်ပေးပါသည်။ 


    ပေးရန်ရှိသော Taxesများအားလည်း စုပေါင်းတွက်ချက်ပေးထားနိုင်ခြင်း


    Odoo သည့် သင့်transaction များမှ ပေးရန်ရှိသော Tax များကိုလည်း ပေါင်းထားနိုင်ပြီး လအလိုက် ပေါင်းပေးနိုင်ပါသည်။ မိမိ Sale Taxes များအား Odoo Tax Report run ကာထုတ်ကြည့်နိုင်ပါသည်။ 


    Inventory Valuation 

    Odoo သည် inventory valuation မျာအား periodic (manual) နှင့် perpetual (auto) ပြုလုပ်ပေးနိုင်ပါသည်။ ရရှိနိုင်သည့် နည်းလမ်းများမှာ Standard, Average ,LIFO (for countries allowing it) and FIFO တို့ ဖြစ်ပါသည်။ အသေးစိတ်များအား နောက်ပိုင်း post များတွင် ဆက်လက်ရှင်းလင်းပေးပါမည်။


    Retain Earning လွယ်ကူခြင်း 

     Retained earnings ဆိုသည်မှာ သင့်လုပ်ငန်း၏ ၀င်ငွေအချို့ကို လုပ်ငန်းဆက်လုပ်ရန် ခွဲထားခြင်းဖြစ်ပါသည်။ Odoo သည့် ယခုနှစ်အမြတ်ငွေများအား အချိန်တိုင်း (Real Time ) တွက်ချက်ပေးနိုင်သဖြင့် Retain Earning တွက်ရန် Year End သို့မဟုတ် Rollover များလုပ်ရန်မလိုအပ်ပေ။ ထို လုပ်ဆောင်ချက်သည် profit and loss မှ balance sheet report သို့ အလိုအလျှောက်တွက်ချက်ပေးနိုင်ပါသည်။


    in Our Blog
    # Accounting
    Odoo ၏နောက်ကွယ် တည်ဆောက်ထားသော accounting
    SME Intellect Co. Ltd., Win Aung 2020- ဒီဇင်ဘာ 8
    Share this post
    တက်(ဒ်)များ
    Edit
    Accounting
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect