Skip to Content
SME Intellect Co., Ltd.
  • အိမ်
  • ဖြေရှင်းချက်များ
    • Odoo
    • ဂူဂဲလ် ဝက်စ်ပေ့စ်
    • စာရွက်စာတမ်း
  • ဝန်ဆောင်မှုများ
    • Odoo အကူအညီ
    • Odoo အကောင်အထည်ဖော်ခြင်း
    • Odoo အထူးပြုလုပ်ခြင်း
    • လေ့လာမှုနှင့် အထောက်အကူ
  • ချိန်းဆိုမှု
  • ဖတ်စရာ
  • အလုပ်ခေါ်စာ
  • ကျွန်ုပ်တို့အကြောင်း
  • ဗမာစာ English (US)
  • Sign in
  • ကျွန်ုပ်တို့ကိုဆက်သွယ်ပါ
SME Intellect Co., Ltd.
      • အိမ်
      • ဖြေရှင်းချက်များ
        • Odoo
        • ဂူဂဲလ် ဝက်စ်ပေ့စ်
        • စာရွက်စာတမ်း
      • ဝန်ဆောင်မှုများ
        • Odoo အကူအညီ
        • Odoo အကောင်အထည်ဖော်ခြင်း
        • Odoo အထူးပြုလုပ်ခြင်း
        • လေ့လာမှုနှင့် အထောက်အကူ
      • ချိန်းဆိုမှု
      • ဖတ်စရာ
      • အလုပ်ခေါ်စာ
      • ကျွန်ုပ်တို့အကြောင်း
    • ဗမာစာ English (US)
    • Sign in
    • ကျွန်ုပ်တို့ကိုဆက်သွယ်ပါ


    ​

    What is the Inventory Configuration Menu?(Part 1)

    Part 1
    2024- ဇွန် 28 by
    What is the Inventory Configuration Menu?(Part 1)
    Sarep Dee Sar Aung
    | No comments yet

    ဒီအပတ်မှာ ဆက်ရှင်းပြပေးသွားမယ့် Menu ကတော့ Inventory မှာ အရေးပါဆုံးဖြစ်တဲ့ Inventory Configuration Menu ကို အပိုင်းလိုက်ခွဲပြီးတော့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    Configuration Section က Inventory မှာ အရေးပါဆုံး အပိုင်း ဖြစ်ပါတယ်။ Overall Operation ကို ထိထိရောက်ရောက် Manage လုပ်နိုင်သလို Inventory Management အကုန်လုံးကို စိတ်ကြိုက် Customize နဲ့ Optimize လုပ်တဲ့အခါ Configuration Section က မရှိမဖြစ်ပါပဲ။ 

    Configuration Menu အောက်မှာ

    • Settings
    • Warehouse Management
    • Products
    • Unit Of Measures and
    • Delivery Submenu  တွေ ပါဝင်ပါတယ်။

    ဒီအပတ်မှာတော့ Settings နဲ့ Warehouse Management Submenu ထဲမှာ ပါတဲ့ Features လေးတွေကို Knowledge Sharing လုပ်ပေးသွားပါမယ်။

    Settings

    Settings ဆိုတာက Inventory Module ကို လုပ်ငန်းခွင် လိုအပ်ချက်အလိုက် Configure လုပ်ဖို့နဲ့ အမျိုးမျိုး ပြင်ဆင်တဲ့အခါ အသုံးပြုပါတယ်။ လက်တွေ့ လုပ်ငန်းလည်ပတ်မှုအတိုင်း System မှာ လည်ပတ်ဖို့အတွက် Flexible ဖြစ်စွာ ပြောင်းလို့ပြင်လို့ ရတဲ့အတွက် Inventory Module ရဲ့ အဓိက အကျဆုံး Features  ဖြစ်ပါတယ်။

    Warehouse Management Submenu မှာ ပါဝင်တဲ့ Features တွေက

    • Warehouse
    • Locations
    • Routes
    • Rules
    • Operation Types
    • Putaway Rules Features တွေပဲ ဖြစ်ပါတယ်။

    Warehouses

    Warehouse တစ်ခုထဲမှာ Locations တွေ အမျိုးမျိုးခွဲပြီး ကုန်ပစ္စည်းတွေကို သိုလှောင်ရပါတယ်။ နောက်ပြီး Inventory ရဲ့ လုပ်ဆောင်ချက်ကိုက ကုန်ပစ္စည်းတွေသိုလှောင်ပြီး Management လုပ်ရတာ ဖြစ်လို့ Warehouses က အရေးပါပါတယ်။   

    Locations

    Locations ဆိုတာက အပေါ်က ပြောခဲ့တဲ့အတိုင်း Warehouse တစ်ခုအတွင်းမှာ Bin Location အလိုက် ကုန်ပစ္စည်းတွေကို ခွဲခြားသတ်မှတ်ပြီး သိမ်းဆည်းတာ ဖြစ်လို့ ပြန်လည်ရှာဖွေတဲ့အခါ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် Manage လုပ်နိုင်ပါတယ်။

    Routes

    Products တွေကို ကိုယ့် Warehouse အတွင်း Receipt လုပ်တဲ့အခါ (or) တခြားနေရာကို Delivery လုပ်တဲ့အခါ Transition လုပ်မယ့် လမ်းကြောင်းတွေကို သတ်မှတ်ထားနိုင်တဲ့ နေရာဖြစ်ပါတယ်။ System က တိကျစွာ သတ်မှတ်ပေးတဲ့အတွက် Transition Error တွေ လျော့နည်းစေပြီး Time and Cost Save ဖြစ်စေပါတယ်။

    Rules

    Odoo Inventory Configuration ထဲမှာ ပါဝင်တဲ့ Rules က Manual Work တွေကို Reduce လုပ်နိုင်အောင် Stock Control အပိုင်း Efficient ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Rules က Product Transfer လုပ်တဲ့အခါ Automate လုပ်ဆောင်ပေးတာတွေ၊ Stock မပြတ်သွားအောင် Restock လုပ်နိုင်တာတွေ၊ Delivery Time သတ်မှတ်တဲ့အပိုင်းတွေ, Out-Of-Stock Items တွေကို Handle လုပ်ရတဲ့ BackOrders အပိုင်းတွေ, Multi Warehouse အပိုင်းကို Location အလိုက် Manage လုပ်ရတာတွေကို ဆောင်ရွှက်ပေးနိုင်ပါတယ်။

    Operation Types

    Operation Types ဆိုတဲ့အတိုင်း Inventory Operation အမျိုးမျိုးဖြစ်တဲ့ Receipts, Deliveries, Internal Transfer, POS နဲ့ Manufacturing တွေကို ခွဲခြားသတ်မှတ်ပေးပါတယ်။ ဒါကြောင့် Inventory Records တွေကို လွယ်ကူစွာ ခွဲခြားပြီး Management လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

    Putaway Rule

    Putaway Rules ကတော့ ကိုယ့် Warehouse ထဲ ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ဘယ် Location မှာ သိုလှောင်ရမယ် ဆိုတာ သတ်မှတ်ထားနိုင်ပါတယ်။ ကုန်ပစ္စည်းသိုလှောင်ဖို့နဲ့ ပြန်လည်ရှာဖွေဖို့အတွက် အချိန်ကုန် သက်သာစေပါတယ်။

    အပေါ်က ပြောသွားတဲ့အချက်တွေက Inventory Configuration Menu ရဲ့ Settings Submenu နဲ့ Warehouse Management Submenu အကြောင်းကို Knowledge Sharing လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

    လာမယ့်အပတ်မှာလည်း Inventory Configuration ရဲ့ ကျန်ရှိနေတဲ့ Products, Unit Of Measures နဲ့ Delivery Submenu လေးတွေ အကြောင်း Sharing လုပ်ပေးသွားပါမယ် ဗျာ

    အားလုံးပဲ နောက် Sections လေးတွေမှာ ပြန်တွေ့ကြရအောင်…

    Aung Yell Kyaw


    in Our Blog
    What is the Inventory Configuration Menu?(Part 1)
    Sarep Dee Sar Aung 2024- ဇွန် 28
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    ခေါက်သိမ်း
    Sign in to leave a comment


    ​
    What is the inventory reporting menu?
    Stock -Locations, Move History, Move Analysis, Valuation, Inventory Aging, Performance ဆိုတဲ့ Features 7ခုကို ရှင်းပြပေးထားပါတယ်...
    Follow us

    No.36, 20th Floor, Office Tower 2, Times City, Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by အိုဒူး - Create a Website by SME Intellect