Skip to Content


​

Why is Odoo becoming so popular?

Odoo ERP Systems က Business Software နယ်ပယ်မှာ ဘာကြောင့်နာမည်ကြီးနေရတာလဲ?
2024- ဖေဖော်ဝါရီ 5 by
Sarep Dee Sar Aung
| No comments yet

Odoo ERP Systems က Business Software နယ်ပယ်မှာ ဘာကြောင့်နာမည်ကြီးနေရတာလဲ?

ERP Systems က လုပ်ငန်းတိုင်းမှာ အရေးကြီးတဲ့ နည်းပညာ လိုအပ်ချက်ဖြစ်ပါတယ်။ အကြောင်းရင်းက ခေတ်မီလာတဲ့ ယနေ့ခေတ်မှာ လုပ်ငန်းတစ်ခုလုံးကို စနစ်တကျရှိအောင်လုပ်ဖို့၊ တစ်နှစ်ထက်တစ်နှစ် လုပ်ငန်းရလာဒ်ကောင်းအောင် လုပ်ဆောင်နိုင်ဖို့၊ လုပ်ငန်းကို တိုးတက်ကြီးထွားလာအောင် ဆောင်ရွက်နိုင်ဖို့  ERP Systemsက ပံ့ပိုးပေးနိုင်လို့ပါ။

အခုပြောသွားမယ့် အကြောင်းအရာက Business Software နယ်ပယ်မှာ Odoo ERP Systems က ဘာကြောင့်နာမည်ကြီးရသလဲဆိုတာ အချက်‌လေးတွေနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ဒါကြောင့် Odoo ကို အသုံးပြုဖို့ စဥ်းစားနေကြတဲ့ လုပ်ငန်းရှင်များအတွက်လဲ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

1.လုပ်ငန်းအတွက် All In One Solution ပေးနိုင်တဲ့ One App

Odoo က Open Source ERP အမျိုးအစားဖြစ်သလို လုပ်ငန်းProcess ရှုပ်ထွေးတဲ့ လုပ်ငန်းတွေအတွက် သင့်တော်ပြီး လုပ်ငန်းတွေမှာ မပါမဖြစ် Inventory, Accounting, Purchase, Project Management, POS, CRM, Sales, Marketing, Ecommerce, Human Resource စတဲ့ Process တစ်ခုချင်းစီတိုင်းကို Odoo One App System တစ်ခုထဲမှာ အချိန်နဲ့တပြေးညီ All In One ထိန်းချုပ်စီမံခန့်ခွဲနိုင်တဲ့ Solution ဖြစ်ပါတယ်။


2.  Modularity

Odoo  Module တွေက အခြေခံ လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ချက်တွေရယ် ပြီးတော့ လုပ်ငန်းကြီးထွားလာတဲ့အခါ လုပ်ငန်းပေါ်မူတည်ပြီး လုပ်ငန်းလိုအပ်ချက်တွေကို ပြုပြင်ပြောင်းလဲနိုင်အောင် Design လုပ်ထားတဲ့အတွက်ကြောင့် လုပ်ငန်းအရွယ်အစားမရွေး အသုံးပြုလို့ရသလို Module တစ်ခုချင်းစီတိုင်းကလည်း ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ Functionality တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

3. User-Friendly Interface

Odoo ကို အသုံးပြုတဲ့အခါ Users အနေနဲ့ အသုံးပြုရ အခက်အခဲ မရှိစေရန်အတွက် အသုံးပြုရလွယ်ကူစေတဲ့ Interfaceတွေနဲ့ Design ဆွဲပေးထားတဲ့အတွက်ကြောင့်  အခက်အခဲရှိစေမှာ မဟုတ်ပါဘူး။ 


4. Cost - Effective

Odooနဲ့ပတ်သတ်ပြီး ကျနော်ပြောလေ့ရှိတဲ့ အချက်က Cost - Effective ပါ။ Software ကုန်ကျတဲ့စရိတ်နဲ့ ပြန်ရရှိတဲ့ စွမ်းဆောင်ရည်က အသေးစားနဲ့အလတ်စားလုပ်ငန်းတွေအတွက် ထိထိရောက်ရောက်နဲ့ ရေတိုရေရှည် အကျိုးရှိစေသလို Corporate လုပ်ငန်းတွေအတွက်လဲ အခြားသော International Softwareတွေထက် ကုန်ကျစရိတ်သက်သာပြီး စွမ်းဆောင်ရည်မြင့်တဲ့ ရလာဒ်ကောင်းကို ရရှိစေပါတယ်။ 

5. Customization 

လုပ်ငန်းရှင်တွေ Software နဲ့ပတ်သတ်ပြီး  စိုးရိမ်နေကြတဲ့အချက်တွေထဲမှာ Customization လုပ်လို့မရဘူးလာဆိုတဲ့ အချက်က ပါလေ့ရှိကြတာပါ။ သို့ပေမယ့် Odoo ကို အသုံးပြုရင် အဲ့ဒီအချက်တွေကို စိုးရိမ်စရာမလိုပါဘူး။ Odoo က လုပ်ငန်းလိုအပ်ချက်၊ လုပ်ငန်းအသွားအလာတွေရယ် လုပ်ငန်းစဥ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ Customization ပြုလုပ်လို့ ရအောင် ပံ့ပိုးပေးထားတာမို့လို့ပါ။

6. Integration Capabilities

လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး Odoo က အခြားသော Business Tools တွေနဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတိုးတက်ကြီးထွားဖို့ တွန်းပို့ပေးနိုင်အောင် Design လုပ်ထားပေးတဲ့ Software ဖြစ်ပါတယ်။


အကုန်လုံးချုံပြီး ပြောရမယ်ဆိုရင် Odoo က ပြည်တွင်းက Software တွေထက်ပိုပြီး လုပ်ငန်းအတွက် ရေတိုရေရှည် အသုံးပြုလို့ရတဲ့ International Software ဖြစ်သလို နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာရော လုပ်ငန်းပေါင်းစုံ တွင်ကျယ်စွာ အသုံးပြုနေတဲ့ Software ဖြစ်ပါတယ်။ 


Odooနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင် odoo.com မှာ အသေးစိတ်လေ့လာလို့ ရနိုင်သလို Free အသုံးပြုလို့လဲ ရပါတယ်။ ဒါမှမဟုတ် လုပ်ငန်းအတွက် Odoo Implementation၊ Odoo Customization လိုအပ်ပါကလည်း Odoo Silver Partner smei (https://www.facebook.com/smeintellect/) သို့ ဆက်သွယ်နိုင်ပါတယ်။ နောက်ပြီး Odoo Training နဲ့ Odoo Support Service တွေကိုလည်း ထိထိရောက်ရောက် ပံ့ပိုးပေးနေပါတယ်။

ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက် 

Sarep Dee Sar Aung 2024- ဖေဖော်ဝါရီ 5
Share this post
ခေါက်သိမ်း
Sign in to leave a comment


​
ERP အသုံးမပြုခင် သိထားသင့်သည့်အချက်(4)ချက်
မိမိလုပ်ငန်းအတွက် Odoo ERP အကြောင်း အခုပဲ လေ့လာလိုက်ပါ!