Skip to Content

ERP အသုံးမပြုခင် သိထားသင့်သည့်အချက်(4)ချက်

မိမိလုပ်ငန်းအတွက် Odoo ERP အကြောင်း အခုပဲ လေ့လာလိုက်ပါ!
January 24, 2024 by
ERP အသုံးမပြုခင် သိထားသင့်သည့်အချက်(4)ချက်
Sarep Dee Sar Aung


မိမိလုပ်ငန်းမှာ ERP System ကို အသုံးပြုပြီး အကောင်အထည်ဖော်ဖို့ စဥ်းစားနေတယ်ဆိုရင် လုပ်ငန်းရှင်အနေနဲ့ ERP နှင့် ပတ်သတ်ပြီး စဥ်းစားရာမှာ အထောက်အကူဖြစ်စေပြီး သတိပြုသင့်တဲ့ အချက် (၄) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။



Cost Considerations // ကုန်ကျစရိတ် ထည့်သွင်းစဥ်းစားဖို့ အချက်ပါ။

ERP System ကို အကောင်အထည်ဖော်နိုင်ဖို့ ကုန်ကျနိုင်မယ့် Licensing Fees, လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်ပြီး ပြုလုပ်ရမယ့် Customization Costs တွေကို ထည့်သွင်းစဥ်းစားပြီး လုပ်ငန်းဘက်ဂျက်နဲ့ ကိုက်ညီမယ့် ERP Solution ကို ရှာဖွေရမှာ ဖြစ်ပါတယ်။



Flexible Scalability // လိုက်လျောညီထွေစွာ ချုံ့၊ချဲ့ထွင်နိုင်မှုပါ။

လုပ်ငန်းကြီးထွားလာသည်နဲ့အမျှ လုပ်ငန်းကို စနစ်တကျ ထိန်းကျောင်းနိုင်အောင် ပံ့ပိုးပေးနိုင်မယ့် ERP System ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အသုံးပြုလိုက်တဲ့ ERP က ကြီးထွားလာတဲ့ ကိုယ့်လုပ်ငန်းနဲ့ လိုက်လျောညီထွေစွာ ချဲ့ထွင်နိုင်မှု ရှိဖို့ လိုအပ်ပြီး လုပ်ငန်းကြီးထွားမှုကို ပံ့ပိုးပေးနိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။



ERP Vendor Selection // မိမိလုပ်ငန်းကို ERP ဝန်ဆောင်မှုပေးမယ့်သူအား ရွေးချယ်ခြင်းပါ။

ဒီအချက်က အရေးကြီးပါတယ်။ ERP Software ကောင်းဖို့ လိုအပ်ပြီး ရွေးချယ်လိုက်တဲ့ ERP Vendor က ERP Implementation,Customization, Training, Support အပိုင်းတွေမှာ ဘယ်လောက်ထိ ကိုယ့်လုပ်ငန်းကို သတ်မှတ်ထားတဲ့ Project Time မှာ အကောင်အထည်ဖော်ပြီး  ချောမွေ့လွယ်ကူစွာ လည်ပတ်နိုင်ဖို့ ပံ့ပိုးပေးနိုင်မလဲဆိုတာ အရေးကြီးတဲ့ အတွက်ကြောင့် တာဝန်ယူမှုအပြည့်နဲ့  ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ERP Vendor ကို ရွေးချယ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။



Security and Data Privacy ပါ။

လုပ်ငန်းအသက်က Data ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ လုပ်ငန်းဒေတာတွေကို စနစ်တကျ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ မိမိလုပ်ငန်းမှာ Security and Data Privacy အတွက် သီးသန့် Service မထားရှိဘူးဆိုရင် လုပ်ငန်း Data တွေကို လုံခြုံစိတ်ချစွာ Cloud ပေါ်မှာ သိမ်းထားလို့ရတဲ့ ERP ကို ‌ရွေးချယ်လို့ရပါတယ်။ ဒါဆိုရင်‌တော့ နေရာဒေသမရွေး Internet ရှိရုံနဲ့ Access ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ အချက်များကို သိရှိနားလည်ပြီး လုပ်ငန်းမှာ ERP စနစ်ကို အသုံးပြုကာ အကောင်အထည်ဖော်ဖို့ စဥ်းစားနေတယ်ဆိုရင် Odoo ERP နှင့် ပတ်သတ်ပြီး တာဝန်ယူမှုအပြည့်နှင့် ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံရင့်ကျက်တဲ့ Odoo Silver Partner smei နှင့် အခုပဲ ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Phone - 09 421 040 962

Email - info@smeintellect.com

Address - 20th Floor, Office 2,Time City, Kamaryut, Yangon.





ERP အသုံးမပြုခင် သိထားသင့်သည့်အချက်(4)ချက်
Sarep Dee Sar Aung January 24, 2024
Share this post
Archive