Skip to Content


Hidden Costs

( ငွေမျက်နှာဖုံး )
March 17, 2026 by
Wai Phyo Aung
| No comments yet

​စီးပွားရေးလောကတွင် အောင်မြင်သော လုပ်ငန်းရှင်တစ်ဦးနှင့် ရုန်းကန်နေရသော လုပ်ငန်းရှင်တစ်ဦးကြားက အဓိကကွာခြားချက်မှာ "စနစ် (System)" ပေါ်တွင် ထားရှိသော အမြင် ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၏ မြန်ဆန်လှသော စီးပွားရေးဂေဟစနစ်တွင် လုပ်ငန်းတော်တော်များများဟာ သိသာထင်ရှားသော ကုန်ကျစရိတ်တွေဖြစ်တဲ့ ဝန်ထမ်းလစာ၊ ငှားရမ်းခနဲ့ ကုန်ကြမ်းဖိုးတွေကိုပဲ အာရုံစိုက်လေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့  အတွင်းပိုင်းတွင် Manual Processes စနစ်ပေါ်တွင်သာ မှီခိုနေရခြင်းကြောင့် "မမြင်ရသော ကုန်ကျစရိတ် (Hidden Costs)" များစွာကို နေ့စဉ်နှင့်အမျှ ပေးဆောင်နေရဆဲ ဆိုတာကို သတိမပြုမိတတ်ကြပါဘူး။ 

​ဥပမာအားဖြင့် - ဆယ်စုနှစ်များစွာတိုင်အောင် Excel သည် စီးပွားရေးလုပ်ငန်းများ၏ အဓိကကျောရိုးဖြစ်ခဲ့သော်လည်း ယနေ့လို AI နည်းပညာခေတ်မှာတော့ ရှုပ်ထွေးလှသော Supply Chain များ၊ Demand များလာသော customer များရဲ့လိုအပ်ချက်များ နှင့်  Data Security ပိုင်းနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများသည် Excel ပေးနိုင်သော စွမ်းဆောင်ရည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ အကယ်၍ သင့်ဝန်ထမ်းတွေဟာ လုပ်ငန်းတိုးတက်မှုမြန်ဆန်အောင် လုပ်ဆောင်ရမည့်အစား တစ်နေ့ကုန် Excel Data ပြင်ဆင်နေရုံနဲ့ အချိန်ကုန်နေရင် သင့်လုပ်ငန်းဟာ ခေတ်နောက်ကျနေရုံတင်မကဘဲ ရရှိနိုင်မယ့် အခွင့်အလမ်းနဲ့ ငွေကြေးဆုံးရှုံးမှုတွေကိုပါ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။

သင့်အမြတ်အစွန်းကို ဝါးမြိုနေသည့် Hidden Costs များ -

​လုပ်ငန်းတစ်ခုကို Manual စနစ်ဖြင့် လည်ပတ်ခြင်းသည် "ခြေထောက်တွင် အလေးတုံးချည်၍ အပြေးပြိုင်နေရခြင်း" နှင့် တူပါသည်။ အောက်ပါ Hidden Costs များက သင့်လုပ်ငန်းရဲ့ အမြတ်အစွန်းကို မည်သို့မည်ပုံဖြင့် ခိုက်နေစေသလဲဆိုတာ နှိုင်းယှဥ်၍ လေ့လာနိုင်ပါတယ် 

  • အချိန်ဖြုန်းတီးမှု၏ တန်ဖိုး (The Cost of Wasted Time):
    • ဝန်ထမ်းတစ်ယောက်ဟာ အချက်အလက်တစ်ခုကို ရှာဖွေဖို့၊ စာရွက်စာတမ်းတွေကို ဖိုင်တွဲပြင်ဆင်ဖို့နဲ့ ဒေတာတွေကို တစ်နေရာကနေ တစ်နေရာ ကူးရေးနေဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၂ နာရီကနေ ၃ နာရီအထိ အချိန်ကုန်ဆုံးနေတတ်ပါတယ်။

    • အကယ်၍ သင့်မှာ ဝန်ထမ်း ၁၀ ယောက်ရှိရင် တစ်လကို နာရီပေါင်း ၆၀၀ ခန့်ဟာ အကျိုးမရှိတဲ့ အလုပ်တွေမှာ ကုန်ဆုံးနေတာပါ။ ဒါဟာ လုပ်ငန်းတိုးတက်ဖို့ ကြံဆရမည့်အချိန်တွေကို ငွေပေးပြီး အလဟဿ ဖြုန်းတီးနေတာနဲ့ အတူတူပင်ဖြစ်ပါတယ်။


  • အမှားပြင်ဆင်စရိတ် (The Cost of Human Error):
    • Manual စနစ်မှာ အချက်အလက်တွေ မှားယွင်းရိုက်မိတာ၊ ဂဏန်းတစ်ခု လွဲချော်တာတွေဟာ ရှောင်လွှဲရခက်ပါတယ်။ ဥပမာ - Invoice တစ်ခုမှာ ဂဏန်းမှားသွားလို့ ငွေပြန်တောင်းရတာ၊ ပစ္စည်းအမှာစာ မှားပို့မိလို့ ကားခနဲ့ အချိန်ကုန်တာတွေဟာ သေးငယ်တယ်လို့ ထင်ရပေမယ့် တစ်နှစ်စာ စုပေါင်းလိုက်ရင် သိသိသာသာ များပြားလှတဲ့ ဆုံးရှုံးမှု ဖြစ်လာပါတယ်။


  • အခွင့်အလမ်း ဆုံးရှုံးမှုစရိတ် (Opportunity Cost):
    • Manual စနစ်ကြောင့် Report တစ်ခုထွက်လာဖို့ ရက်ပေါင်းများစွာ စောင့်နေရတဲ့အခါ ဈေးကွက်ရဲ့ အခွင့်အလမ်းကို အမိအရ မဆုပ်ကိုင်နိုင်တော့ပါဘူး။

    • ဥပမာ - ဘယ်ပစ္စည်းက ရောင်းအားအကောင်းဆုံးလဲဆိုတာကို ချက်ချင်းမသိနိုင်တဲ့အတွက် ပစ္စည်းပြတ်လပ်သွားတာမျိုး၊ ဒါမှမဟုတ် ဝယ်သူက ဈေးနှုန်းမေးတဲ့အခါ Manual စာရင်းထဲမှာ လိုက်ရှာနေရလို့ ဝယ်သူက တခြားဆိုင်ကို ပြောင်းသွားတာမျိုးတွေဟာ နှမြောဖို့ကောင်းတဲ့ အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။


  • သိုလှောင်မှုစရိတ်နှင့် လေလွင့်မှု (Inventory Carrying Costs):
    • Stock စာရင်းကို Manual ကိုင်တွယ်တဲ့အခါ ပစ္စည်းတွေဟာ ဂိုဒေါင်ထဲမှာ ပျောက်ဆုံးတာ၊ သက်တမ်းကုန်တာ ဒါမှမဟုတ် မလိုအပ်ဘဲ အပုံလိုက် ကျန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    • Odoo ကဲ့သို့ ERP မရှိတဲ့အခါ "ဘယ်ပစ္စည်းကို ထပ်မှာရမလဲ" ဆိုတာ ခန့်မှန်းရခက်တဲ့အတွက် ငွေကြေးတွေဟာ အသုံးမဝင်တဲ့ Stock တွေထဲမှာ ဖောင်းပွ‌နေတတ်ပါတယ်။ 


  • ဝန်ထမ်းထွက်နှုန်း မြင့်မားခြင်း (Employee Burnout and Turnover):
    • ဝန်ထမ်းတွေဟာ ငြီးငွေ့စရာကောင်းတဲ့ Manual အလုပ်တွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေရတဲ့အခါ စိတ်အားထက်သန်မှု လျော့နည်းလာပြီး အလုပ်ထွက်နှုန်း မြင့်မားလာတတ်ပါတယ်။ ဝန်ထမ်းသစ်တစ်ယောက်ကို ပြန်လည်လေ့ကျင့်ပေးရတဲ့စရိတ် (Training Cost) ဟာ လုပ်ငန်းရှင်တွေအတွက် နောက်ထပ် Hidden Cost တစ်ခု ဖြစ်ပါတယ်။


  • ဆုံးဖြတ်ချက်နှေးကွေးမှုစရိတ် ( Decision-Making Delay ):
    • ပိုင်ရှင်ဖြစ်သူမှ အမြတ်ဘယ်လောက်ရှိလဲဟု မေးသည့်အခါ စာရင်းကို ၂ ရက်စောင့်ရခြင်းကြောင့် လုပ်ငန်းတိုးတက်ဖို့ရန် အရေးကြီးသော ဆုံးဖြတ်ချက်များကို အချိန်မီ မချမှတ်နိုင်ခြင်းများ ဖြစ်ပါတယ်။ 


ERP System က ဤဆုံးရှုံးမှုများကို မည်သို့လျှော့ချပေးနိုင်သလဲ ?

ERP System ကို အသုံးပြုခြင်းသည် ကုန်ကျစရိတ်မဟုတ်ဘဲ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်ပါသည်။

  • Automation: ထပ်ခါတလဲလဲလုပ်ရတဲ့ အလုပ်တွေကို စက်ရုပ်သဖွယ် အလိုအလျောက် လုပ်ဆောင်ပေးလိုဝန်ထမ်းတွေရဲ့ အချိန်ကို ၈၀% အထိ သက်သာစေပါတယ်။

  • Real-time Insights: စာရင်းပိတ်မယ့်အချိန် ရက်၊လ တွေကိုစောင့်နေစရာမလိုဘဲ လုပ်ငန်းရဲ့ အခြေအနေကို ဖုန်းထဲကနေ ချက်ချင်းသိနိုင်လို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို အချိန်မီ ချမှတ်နိုင်ပါတယ်။

  • Accuracy: System က လုပ်ငန်းရဲ့ data များကို သက်ဆိုင်ရာလုပ်ငန်းဆောင်တာများကို အသီးသီး ချိတ်ဆက်ပေးထားခြင်းကြောင့် အမှားအယွင်းကို အနည်းဆုံးအဆင့်အထိ လျှော့ချပေးပါတယ်။

  • Inventory Optimization: Synchronization Inventory စနစ်ကြောင့် Stock လိုအပ်ချက်ကို ကြိုတင်ခန့်မှန်းနိုင်ပြီး ငွေကြေးလေလွင့်မှုကို တားဆီးပေးပါတယ်။

​စာဖတ်သူသည် လုပ်ငန်းအသစ်စတင်မည့်သူဖြစ်စေ၊ လုပ်ငန်းအတွေ့အကြုံရှိပြီးသူဖြစ်စေ " Manual စနစ်သည် သင့်လုပ်ငန်းကို အတိုင်းအတာတစ်ခုအထိသာ သယ်ဆောင်နိုင်သည်" ဆိုသည်ကို သတိပြုသင့်ပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ စီးပွားရေးပြိုင်ဆိုင်မှုမှာ "အလုပ်များနေခြင်း" (Being Busy) ထက် "ထိရောက်ခြင်း" (Being Productive) က ပိုအရေးကြီးပါတယ်။ သင့်လုပ်ငန်းမှာ အခုထက်ထိ Manual စနစ်တွေကို သုံးနေတုန်းဆိုရင် သင်မမြင်ရတဲ့ နေရာတွေကနေ ငွေကြေးတွေ ဘယ်လောက်အထိ ယိုစိမ့်နေပြီလဲဆိုတာ ပြန်လည်ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

ERP System စနစ်သို့ ပြောင်းလဲခြင်းသည် သင့်လုပ်ငန်း၏ "ငွေမျက်နှာဖုံး" များကို ဖယ်ရှားပေးပြီး မှန်ကန်သော အမြတ်အစွန်းနှင့် တိုးတက်မှုကို ဆောင်ကြဉ်းပေးမည်မှာ အသေအချာပင် ဖြစ်ပါသည်။

"Manual မှ Digital သို့ ပြောင်းလဲဖို့ အချိန်တန်ပါပြီ"



Wai Phyo Aung March 17, 2026
Share this post
Archive
Sign in to leave a comment


အသွင်ကူးပြောင်းမှု၏ ပထမခြေလှမ်း
Change Management မှသည် Digital Transformation ဆီသို့