Inventory Operations - Transfers Submenu

What is Receipts, Deliveries, Internal Transfers, Batch Transfers, Wave Transfers​?

ဒီက​နေ့မှာ​​တော့ Odoo Inventory Operation Features ထဲက Transfer Submenu မှာပါတဲ့ Features​ တွေရဲ့ Usage နဲ့ Benefits​ တွေအ​ကြောင်းကို Knowledge Sharing လုပ်ပေးသွားပါမယ်…

ဆို​တော့ ပထမဦးဆုံး Inventory Operations ကို ဘာအတွက်သုံးပြီး ဘယ်လို Benefits​ တွေ ရနိုင်လဲ.. အကျဥ်းချုံး​ပြောပြီး စလိုက်ကြရ​အောင်…

Inventory ရဲ့ Operation Features အားလုံး က Inventory Management ပိုင်းကို ထိ​ထိရောက်​​ရောက် လုပ်​ဆောင်​ပေးနိုင်ပြီး​တော့ Warehouse နဲ့ ဆိုင်တဲ့ လုပ်ငန်းအားလုံးကိုလည်း တိကျလွယ်ကူ​စွာ ​ဆောင်ရွက်​ပေးနိုင်ပါတယ်။

Inventory Operation Menu မှာ​တော့

- Transfers

- Adjustment နဲ့

- Procurement ဆိုပြီး Submenu(3) ခုရှိပါတယ်။

ဒီ​​ကနေ့မှာတော့ Transfers Submenu ထဲက 

- Receipts

- Deliveries

- Internal Transfers

- Batch Transfers

- Wave Transfers​ တွေ အကြောင်းကို ရှင်းပြပေးသွားပါမယ်…

Receipts

Suppliers​ တွေဆီက​နေ Purchase လုပ်ထားတဲ့ Items ​အသစ်​တွေကို စစ်​ဆေးတာ၊  Record မှတ်တမ်းတင်တာနဲ့ ကိုယ့် Warehouse Stock ထဲထည့်​ပေးတာ​တွေ ပြုလုပ်​ပေးပါတယ်။ Benefits အ​နေနဲ့က​တော့ Stock လက်ခံတာကို လွယ်ကူ​​စေပြီး​တော့ Inventory Record ​တွေကိုအတိအကျပြုလုပ်​ပေးနိုင်ပါတယ်။

Deliveries

Customers ​Sales Order​ တွေကိုပို့​ဆောင်​ပေးတဲ့ အလုပ်ကိုလုပ်​ဆောင်​ပေးပြီး Product Picking, Packing Function​ တွေကိုပါ​ လုပ်​ဆောင်​ပေးနိုင်ပါတယ်။ Benefits အ​နေနဲ့က​တော့ Automatic လုပ်​ပေးတဲ့အတွက် Error ကင်းပြီး အချိန်မီပို့​ပေးနိုင်ပါတယ်။

Internal Transfer

Warehouse တစ်ခုအတွင်း(ဒါမှမဟုတ်) Location တစ်ခုနဲ့တစ်ခုကြား Stock Transition အလွယ်တကူ ပြုလုပ်​ပေးနိုင်ပါတယ်။ Benefitsအ​နေနဲ့က​တော့Warehouse ကို​ကောင်းမွန်စွာ Management လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

Batch Transfers

ပစ္စည်းပို့ဖို့ Location တူတဲ့ Orders ​တွေကို Group ဖွဲ့လိုက်ပြီး တစ်ခါတည်း ပို့​ပေးတာကို Batch Transfers လို့​ ခေါ်ပါတယ်။ Benefits အ​​နေနဲ့က​တော့ Delivery Charges နဲ့ Times Saving ဖြစ်ပါတယ်။

Wave Transfers

Warehouse တစ်ခုအတွင်း Items ​တွေ Pick လုပ်ဖို့ Ready State ​ရောက်​နေတဲ့ Customers ​တွေရဲ့ Multiple Orders ​တွေကို တစ်ခါတည်း Group ဖွဲ့ပြီး Pick လုပ်​ပေးတာ ဖြစ်ပါတယ်။ အဲ့လို Pick ပြီး Batch Transfersနဲ့ တစ်ခါတည်း တန်းပို့လို့ ရပါတယ်။ Benefits အ​နေနဲ့က​တော့ အချိန်နဲ့လုပ်အား သက်သာ​စေပါတယ်။

အခုက​တော့ Inventory Operations ရဲ့ Transfer Section မှာပါတဲ့ Features​ တွေ အ​ကြောင်း Sharing လုပ်​ပေးသွားတာ ဖြစ်ပါတယ်။​

နောက်အပတ်မှာလည်း Inventory Operation ရဲ့ Adjustment နဲ့ Procurement Sections​ တွေကို​ Sharing လုပ်​ပေးသွားမှာမို့ ​စောင့်ကြည့်​ဖို့မ​မေ့နဲ့​နော်....

အားလုံးပဲ​နောက် Sections ​လေး​ တွေမှာ ပြန်​တွေ့ကြရ​အောင်….. 

Aung Yell Kyaw


Share this post
Archive


Odoo Inventory Module ဆိုတာ ဘာလဲ?