Skip to Content
SME Intellect Co., Ltd.
  • Home
  • Solutions
    • Odoo
    • Google Workspace
    • Document
  • Services
    • Odoo Help
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • Blog
  • Jobs
  • About Us
  • ဗမာစာ English (US)
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Solutions
        • Odoo
        • Google Workspace
        • Document
      • Services
        • Odoo Help
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • Blog
      • Jobs
      • About Us
    • ဗမာစာ English (US)
    • Sign in
    • Contact Us

    Odoo Charges

    March 25, 2023 by
    Odoo Charges
    SME Intellect Co. Ltd., Win Aung


    ​

    Odoo ၏ ကုန်ကျစရိတ် 

    Odoo စျေးနှုးန်းကို မေးမြန်းသူများအတွက် ရှင်းရှင်းလင်းလင်းနားလည်သွားအောင် ဒီ မှာ သေချာလေး ရှင်းပြပေးထားပါမယ်။ 

    Editions 

    Odoo pricing ကိုဆွေးနွေးရာမှာ Odoo editions 2 မျိုးကိုသိထားသင့်ပါတယ်။ Community နှင့် Enterprise တို့ ဖြစ်ပါသည်။ Community သည် Open Source , free licenses ဖြစ်ပြီး မည်သူမဆို Download လုပ်ကာ မိမိ ကွန်ပြူတာ သို့မဟုတ် cloud တစ်ခုခုတွင် တင်သုံးနိုင်ပါသည်။ Enterprises edition မှာ အသုံးပြုသူတစ်ယောက်ချင်းအလိုက် လိုင်စင်ကြေးပေးရသည့် အမျိုးအစားဖြစ်ပါသည်။ Enterprises သည် community အားအခြေခံကာ Advance ဖြစ်သည့် applications များပါဝင်နေခြင်းဖြစ်ပါသည်။ နှိုင်းယှဥ်ချက် အသေးစိတ်အား ဒီ Page တွင်ကြည့်ပါ။ 

    Enterprise licenses prices 

    Odoo Enterprises အား စျေးနှုန်း ၃ မျိုးနှင့် ခွဲခြားသတ်မှတ်ထားပါသည်။ 

    Odoo licensing Pricing at MM

    One App Free ဆိုသည်မှာ ၊ မည်သည့် applications မဆို ၁ ခုတည်း စတင်သုံးစွဲပါက အလကားရနိုင်ပါသည်။ အသုံးပြုသူအကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။ (3 လအတွင်းမသုံးပဲထားပါက ပြန်လည်ပျက်သွားမည်ဖြစ်ပါသည်။) ဆက်လက်သုံးစွဲနေသ၍ အလကားပေးထားမည် ဖြစ်ပါသည်။ တခြားapplications တစ်ခုအား ထည့်လိုက်မှသာ လိုင်စင်ကြေးစတင် ကုန်ကျမည်ဖြစ်ပါသည်။ 
    Standard သည် Odoo မှာ ပါဝင်သည့် applications အားလုံး(Studio မှအပ) အား အသုံးပြုနိုင်ပြီး အသုံးပြုသူ တစ်ယောက်အား ၁နှစ်လျှင် $107.4 ဖြစ်ပါသည်။ ပထမနှစ်တွင် ၁၉% discounts ( $87 ခန့်)ဖြင့် ရနိုင်ပါသည်။ Odoo Cloud တွင်သာ အသုံးပြုရမည်ဖြစ်ပြီး အဆိုပါ စျေးနှုန်းတွင် Odoo cloud ဖိုးပါဝင်ပြီး ဖြစ်ပါသည်။ 
    Custom ဆိုသည်မှာ Customize လုပ်ပြီး အသုံးပြုလိုသူများ ၊ ကိုယ်ပိုင် Server တွင်အသုံးပြုလိုသူများ၊ ကုမ္ပဏီအများအသုံးပြုလိုသူများအတွက် ဖြစ်ပါသည်။ တစ်ယောက်လျှင် တစ်နှစ် $163.2 ဖြစ်ပါသည်။ ပထမနှစ်တွင် အထက်ပါ ရာခိုင်နှုန်းအတိုင်း လျော့စျေးဖြင့် ရနိုင်ပါသည်။ ဤ Plan တွင် Odoo အားမိမိလုပ်ငန်းအတွက် Odoo တွင် မပါသည် applications များအား ရှာဖွေထည့်သွင်းနိုင်ပြီး ၊ တခြား applicaitons များနှင့်လည်း integration ပြုလုပ်နိုင်ပါသည်။  

    Hosting Charges 

    Odoo အား Community အသုံးပြုလျှင် သို့မဟုတ် Enterprises အား custom plan အသုံးပြုလျှင် Cloud ဖိုးများထည့်သွင်းစဥ်းစားရမည် ဖြစ်ပြီး Odoo.sh , Digital Ocean, AWS စသည့် cloud များတွင် အများဆုံးထားသုံးကြပါသည်။ ကိုယ်ပိုင် Data Center တွင်လည်းထားသုံးနိုင်ပါသည်။ အားသာချက်အားနည်းချက်များအား ထပ်မံ ရေးသားပေးပါမည်။ ကုန်ကျစရိတ်မှာ $200 ပတ်ဝန်ကျင်မှ စတင်ကာ မိမိ သုံးစွဲမှုပေါ်မူတည်ကာ ထပ်မံကုန်ကျသွားနိုင်ပါသည်။ Odoo.SH သည် Enterprise သာအသုံးပြုနိုင်ပြိး $800 ခန့်မှ စတင်ကာ ကုန်ကျနိုင်ပါသည်။ 

    Implementations charges

    Odoo အားသုံးစွဲရာတွင် မိမိကိုယ်တိုင် setting များ ချိန်ညှိပြီး သုံးတတ်လျှင် Implementation ကုန်ကျစရာ မလိုပါ။မသုံးတတ်သေးသော်လည်း အချိန်ရှိပြိး IT နှင့် Business များအား စိတ်ဝင်စားလျှင် Odoo ၏ Free tutorial များအားကြည့်ကာ သင်ယူ အသုံးပြုနိုင်ပါသည်။ 
    အဆိုပါ အချက်များအဆင်မပြေသူများအတွက် Odoo Partners များရှိပြီး အဆိုပါ Odoo Partners များနှင့် ဆွေးနွေးကာ Implementation ပြုလုပ်နိင်ပါသည်။ Implemenation fees သည် မိမိလုပ်ငန်းလိုအပ်ချက်နှင့် Partner ပေါ်မူတည်ကာ ကုန်ကျနိုင်ပါသည်။ 
    ပုံမှန်အားဖြင့် Implementation တွင် အောက်ပါ လုပ်ဆောင်ချက်များပါဝင်မည် ဖြစ်ပါသည်။

    • Business processes discussion
    • Software configurations 
    • Data importing 
    • Users Training 
    • Documentations and video tutorials 

    Supporting and Maintenance 

    ERP Software များအသုံးပြုလျှင် အသုံးပြုသူ ဝန်ထမ်းများ အကူအညီရယူရန် ၊ Software အခက်အခဲများပေါ်လာပါက ဖြေရှင်းရန် supporting and Maintenance အား လုပ်ငန်းအကြီးအသေး ပေါ်မူတည်ကာ စဥ်းစားသင့်ပါသည်။ 

    1. Odoo Enterprise အား Standard plan ဖြင့် သုံးစွဲခြင်း(သို့မဟုတ်) Custom Plan အား Odoo.sh (cloud) တွင် သုံးပါက Odoo မှ support and maintenance free ပြုလုပ်ပေးပါသည်။ https://www.odoo.com/help တွင် tickets တင်ကာ support တောင်းဆိုနိုင်သည်။ သို့သော် မြန်မာနိုင်ငံနှင့် Time Zone ကွာဟခြင်း ၊ Free Services ဖြစ်ခြင်းတို့ကြောင့် ကြံ့ကြာမှုများရှိပါသည်။ 
    2. မိမိလုပ်ငန်းတွင် Odoo အား ကျွမ်းကျင်မှုရှိသည့် ဝန်ထမ်းများခန့်ထားကာ support and maintenace ပြုလုပ်နိုင်ပါသည်။ 
    3. အထက်ပါ နည်းလမ်းများအားလုံးနှင့် အဆင်မပြေပါက Odoo Partner များထံတွင် Support and Maintenance ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။ ပုံမှန်အားဖြင့် Implementation ပြုလုပ်ည့် Partner များက ဤဝန်ဆောင်မှုအား ပေးနိုင်ပါသည်။ 
      Supporting and Maintenance စျေးနှုန်းမှာ မိမိတို့ အသုံးပြုထားသည့် applications, users, customizations, hosting နှင့် ဝန်ဆောင်မှုပေးသည့် partner ၏ plan ‌ပေါ်မူတည်ကာ ကွာခြားနိုင်ပါသည်။ 

    Customization and Integrations

    Odoo သည်လည်း တခြား ERP များနည်းတူ customzation မပြုလုပ်ပဲ အသုံးပြုနိုင်လျှင် အကောင်းဆုံးအတည်ငြိမ်ဆုံးဖြစ်ပါသည်။ Customization ပြုလုပ်ရန် မဖြစ်မနေလိုအပ်လျှင်လည်း Odoo သည် Open Sources ကို အခြေခံထားသဖြင့် အလွန်တရာ မခက်ခဲပါ။ Studio သို့မဟုတ် Developement ပြုလုပ်ကာ ပြင်ဆင်မှုများပြုလုပ်နိုင်ပါသည်။ Partners အများစုသည် အဆိုပါ customization ပြုလုပ်ခြင်း services များအား ပေးနိုင်ပါသည်။ 
    Odoo တွင် Applications များအကုန်လုံးသည် တခုခုနှင့်တစ်ခု ချိတ်ဆက်ပြီးဖြစ်သဖြင့် integration သီးသန့် မဖြစ်မနေ လုပ်နေစရာမလိုပါ။ သို့သော် တခြား applications တစ်ခုခုနှင့် ချိတ်ဆက်လိုပါက integration ပြုလုပ်နိုင်ပါသည်။ 
    အဆိုပါ Customization and Integration ကုန်ကျစရိတ်များသည်လည်း မိမိလုပ်ငန်း၏ လိုအပ်ချက် partners များပေါ်မူတည်ကာ ကွာခြားနိုင်သဖြင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ သိရှိနိုင်မည်ဖြစ်ပါသည်။ 

    အထက်ပါ အချက်များသည် Odoo အားအသုံးပြုရန် စဥ်းစားရာတွင် သိထားသင့်သည့် အချက်များဖြစ်ပါသည်။ ထပ်မံသိရှိဆွေးနွေးလိုသည်များရှိပါက SME Intellect - Phone 09421040962 info@smeintellect.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ ။ 

    in Our Blog
    Odoo Charges
    SME Intellect Co. Ltd., Win Aung March 25, 2023
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    Archive
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by Odoo - Create a Website by SME Intellect