Skip to Content
SME Intellect Co., Ltd.
  • Home
  • Helpdesk
  • Services
    • Odoo Implementation
    • Odoo Customization
    • Training & Support
  • Appointment
  • Blog
  • Jobs
  • Sign in
  • Contact Us
SME Intellect Co., Ltd.
      • Home
      • Helpdesk
      • Services
        • Odoo Implementation
        • Odoo Customization
        • Training & Support
      • Appointment
      • Blog
      • Jobs
    • Sign in
    • Contact Us


    ​

    Odoo Inventory Module အကြောင်း လေ့လာလိုက်ပါ!

    June 15, 2025 by
    Odoo Inventory Module အကြောင်း လေ့လာလိုက်ပါ!
    Wai Phyo Aung
    | No comments yet

    Odoo Inventory Module နဲ့ ပတ်သတ်တဲ့ Core Features တွေက ဘာတွေဖြစ်မလဲ? Unique Features တွေကို ဘယ်လိုအသုံးပြုနိုင်မလဲ? နောက်ပြီး မည်သို့သောစီးပွားရေးလုပ်ငန်းတွေမဆို Odoo Inventory Module ကိုအသုံးပြုပြီး ဘယ်လိုမျိုး Benefits တွေရနိုင်မလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်..!

    အရင်လို လုပ်ငန်းတစ်ခုကို ခက်ခက်ခဲခဲနဲ့ စီမံခန့်ခွဲစရာမလိုပဲ... Odoo ERP နဲ့ သာဆိုရင် ကလစ်တချက်နှိပ်ရုံဖြင့် သင့်လုပ်ငန်းရဲ့ Inventory Operation Management Process တစ်ခုလုံးကို လွယ်ကူချောမွေ့မြန်ဆန်ပြီး ကြီးထွားတိုးတက်လာမှာပါ။

    👉 Odoo Inventory Module မှာ ပါတဲ့ Core Features တွေကတော့ ....


    ✅Stock Tracking (ကုန်ပစ္စည်းအရေအတွက်ကို ခြေရာခံ) - ကုန်ပစ္စည်းတစ်ခုချင်းကို serial/lot နံပါတ်ဖြင့် ခြေရာခံနိုင်တဲ့အတွက် Stock လက်ကျန်ကို အမြဲသိရှိနိုင်ပါတယ်။

    ✅Automated Replenishment(အလိုအလျောက်ဖြည့်တင်းခြင်း) - ကုန်ပစ္စည်းတစ်ခု နည်းလာပြီဆိုရင် အလိုအလျောက် ပြန်မှာဖို့ ဒါမှမဟုတ် ပြန်ဖြည့်တင်းဖို့ Auto သတိပေးနိုင်တယ်။

    ✅Product Management (ကုန်ပစ္စည်းအချက်အလက်တွေကို စီမံနိုင်) - ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ နာမည်၊ အမျိုးအစား၊ ဈေးနှုန်း စတဲ့အချက်အလက်တွေကို မှတ်သားထားနိုင်တယ်။

    ✅Warehouse Management (ဂိုဒေါင်စီမံခန့်ခွဲမှု) - သင့်မှာ Warehouse များစွာရှိရင် ဂိုဒေါင် တစ်ခုချင်းစီကို စနစ်တကျခွဲပြီး စီမံနိုင်ပါတယ်။

    ✅Delivery Management(ပို့ဆောင်ရေးကို စီမံခန့်ခွဲနိုင်) - ကုန်ပစ္စည်းပို့ဆောင်မှုအစီအစဉ်တွေကို တိတိကျကျ စီစဉ်နိုင်ပါတယ်။

    ✅Inventory Reporting(စာရင်းအစီရင်ခံခြင်း) - သင့်မှာ လက်ကျန်ကုန်ပစ္စည်းဘယ်လောက်ရှိလဲ၊ ဘယ်ကုန်ပစ္စည်းတွေအများဆုံးရောင်းရလဲ စတဲ့အစီရင်ခံစာတွေကို ထုတ်ပေးနိုင်လို့ သင့်လုပ်ငန်းအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ အထောက်အကူဖြစ်စေတယ်။

    ✅Locations (တည်နေရာ) - ဂိုဒေါင်တစ်ခုချင်းစီထဲမှာလည်း ကုန်ပစ္စည်းထားတဲ့ စင်တွေ၊ အခန်းတွေကို သတ်မှတ်ပြီး ဘယ်ပစ္စည်းက ဘယ်နေရာမှာရှိတယ်ဆိုတာ အတိအကျသိနိုင်တယ်။


    👉Odoo Inventory Module မှာ ပါတဲ့ Unique Features တွေကတော့ ...

    ✅Double Check Inventory Lists(စာရင်းနှစ်ထပ်စစ်ဆေးနိုင်) - ကုန်ပစ္စည်းပျောက်တာတွေရှိရင် ရှာဖွေနိုင်ပြီး စာရင်းကို အမြဲမှန်ကန်အောင် ထိန်းထားနိုင်တယ်။

    ✅Manage Unused Products(မသုံးတော့တဲ့ပစ္စည်းတွေကို စီမံနိုင်) - အသုံးမဝင်တော့တဲ့ ကုန်ပစ္စည်းတွေကို ဖယ်ရှားဖို့ စီမံခန့်ခွဲပေးနိုင်တယ်။

    ✅Track Expiry Dates(သက်တမ်းကုန်ဆုံးရက်တွေကို ခြေရာခံနိုင်) - ကုန်ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်ကို မှတ်ထားနိုင်လို့ သက်တမ်းလွန်ကုန်ပစ္စည်းတွေကို မရောင်းမိအောင် ကာကွယ်ပေးတယ်။

    ✅Categorize Products(ကုန်ပစ္စည်းအမျိုးအစားတွေခွဲခြားနိုင်) - ကုန်ပစ္စည်းတွေကို ကုန်ပစ္စည်းအမျိုးအစားအလိုက် အသေးစိတ် ရှင်းရှင်းလင်းလင်း စီမံခန့်ခွဲနိုင်တယ်။

    ✅Track Movement History(ပစ္စည်းရဲ့ ရွေ့လျားမှုကို မှတ်တမ်းတင်နိုင်) - ကုန်ပစ္စည်းတစ်ခု ဘယ်အချိန်က ဘယ်နေရာကို ရောက်သွားလဲဆိုတာကို သိနိုင်တယ်။

    ✅Serial Number Tracking(အမှတ်စဉ်နံပါတ်နဲ့ ခြေရာခံနိုင်) - ကုန်ပစ္စည်းတစ်ခုချင်းစီကို Lot/Serial နံပါတ်နဲ့ မှတ်ထားနိုင်တယ်။

    ✅Average Cost Calculation(ပျမ်းမျှကုန်ကျစရိတ်ကို တွက်ချက်ပေးနိုင်) - ကုန်ပစ္စည်းတစ်ခုရဲ့ ပျမ်းမျှကုန်ကျစရိတ်ကို System က အလိုအလျောက်တွက်ပေးလို့ ဈေးနှုန်းသတ်မှတ်ရာမှာ အထောက်အကူဖြစ်စေတယ်။


    👉Odoo Inventory က သင့်လုပ်ငန်းအတွက် ဘယ်လိုအကျိုးရှိလဲ!

    ✅Helps Make Better Decisions(ဆုံးဖြတ်ချက်တွေ ပိုကောင်းအောင် ကူညီပေးတယ်) - သင့်မှာရှိတဲ့ စာရင်းအင်းအချက်အလက်တွေကို အခြေခံပြီး ဘယ်ကုန်ပစ္စည်းတွေကို ဝယ်သင့်လဲ၊ ဘယ်အချိန်မှာ ရောင်းသင့်လဲဆိုတာကို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။

    ✅Keeps Your Inventory Accurate(စာရင်းအင်းမှန်ကန်စေတယ်) - စာရင်းအင်းမှန်ကန်တော့ ကုန်ပစ္စည်းပျောက်ဆုံးတာတွေနည်းသွားပြီး ဘယ်ကုန်ပစ္စည်းလိုတယ်၊ ဘယ်ကုန်ပစ္စည်းပိုနေတယ်ဆိုတာကို သိနိုင်တယ်။

    ✅Increases Customer Satisfaction(Customerတွေ ပိုကျေနပ်စေတယ်) -  ကုန်ပစ္စည်းတွေကို အချိန်မှန်ပို့ပေးနိုင်ပြီး သင့်မှာ ဘာကုန်ပစ္စည်းတွေရှိတယ်ဆိုတာကို အတိအကျသိလို့ ဖောက်သည်တွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။

    ✅Saves Time(အချိန်ကုန်သက်သာစေတယ်) - အသုံးပြုရတာလွယ်ကူပြီး အလိုအလျောက်လုပ်ဆောင်ပေးလို့ စာရင်းအင်းလုပ်ငန်းတွေအတွက် အချိန်ကုန်သက်သာစေတယ်။

    ✅Reduces Costs(ကုန်ကျစရိတ်သက်သာစေတယ်) - လုပ်ငန်းတွေကို အလိုအလျောက်လုပ်ဆောင်ပေးလို့ ဝန်ထမ်းတွေရဲ့ လုပ်အားကို သက်သာစေပြီး ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်တယ်။

    ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက် smei

    in Our Blog
    Odoo Inventory Module အကြောင်း လေ့လာလိုက်ပါ!
    Wai Phyo Aung June 15, 2025
    Share this post
    Our blogs
    • Our Blog
    • Odoo User Manual
    Archive
    Sign in to leave a comment


    ​
    Odoo Manufacturing Module အကြောင်း လေ့လာလိုက်ပါ!
    Follow us

    No.36, 20th Floor, Office Tower 2, Times City,  Kamaryut Township, Yangon, Myanmar

    • +959774799997
    • info@smeintellect.com
    Copyright © Smei
    ဗမာစာ English (US)
    Powered by Odoo - Create a Website by SME Intellect