Odoo Inventory Module ဆိုတာ ဘာလဲ?

Odoo Inventory Module ဆိုတာ ဘာလဲ? ဒီ Module က ဘာတွေလုပ်ပေးနိုင်လဲ၊ သူ့ရဲ့ အကျိုးကျေးဇူးကကော ဘာတွေဖြစ်မလဲဆိုတာ Knowledge Sharing လုပ်ပေးချင်ပါတယ်...



Odoo Inventory က ကုန်ပစ္စည်းစီးဆင်းမှုနဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဥ်အားလုံးကို တစ်​နေရာထဲမှာ Manage လုပ်လို့ရတဲ့ Module တစ်ခုဖြစ်ပြီး​ လုပ်ငန်းရဲ့ ကုန်ပစ္စည်းလည်ပတ်မှုတွေကို အမှားအယွင်းမရှိ လုပ်ဆောင်နိုင်အောင် အသုံးပြုလို့ ရတဲ့ Module တစ်ခုဖြစ်ပါတယ်။


ဒါဆိုရင် Inventory Module က ဘာတွေလုပ်ပေးနိုင်လဲ?

⭐️ကုန်ပစ္စည်းတွေရဲ့ Stock levelကို​ စောင့်ကြည့်ထိန်းညှိပေးနိုင်တယ်

⭐️Inventory Purchaseတွေကို Reorder လုပ်ပေးနိုင်တယ်

⭐️Warehouse များစွာကို Location တစ်ခုချင်းစီအလိုက် Manage လုပ်ပေးနိုင်တယ်.. 

⭐️Product Movement တိုင်းကို Detail Analysis လုပ်နိုင်တယ်..

⭐️အခြား​သော Odoo Module များနဲ့ Auto Integrate လုပ်ထားတဲ့အတွက်ကြောင့် ချိတ်ဆက်လွယ်ကူစွာ အသုံးပြုနိုင်တယ်.. စတဲ့လုပ်​ဆောင်ချက်​တွေ ပါဝင်ပါတယ်။


အကျိုးကျေးဇူးက​တော့ Inventory Process တိုင်းကို တိကျ မှန်ကန် လွယ်ကူစွာ စီမံခန့်ခွဲနိုင်ဖို့ ကူညီ​ပေးပြီး

⭐️Shortages နဲ့ Overstockမဖြစ်​အောင်

⭐️ Manual Error ကြောင့် ပျက်စီးဆုံးရှုံးမှု​လျော့နည်း​အောင်

⭐️Automatic စနစ်​ကြောင့် အမှားအယွင်း​လုံးဝမရှိတော့အောင် 

⭐️အချိန်နဲ့ကုန်ကျစရိတ်​လျော့ချ​ပေးပြီးCustomer Satisfactions ရရှိ​သွားအောင် စတဲ့အကျိုး​ကျေးဇူးများစွာပေးနိုင်ပါတယ်။


နောက်ရက်​တွေမှာ Odoo Inventory Module မှာ ပါဝင်တဲ့ Inventory Operation Features ထဲက Transfer Section အကြောင်းတွေ .. နောက်ပြီး Adjustment Section နဲ့ Procurement Section တွေရဲ့ အလုပ်လုပ်ပုံတွေ ၊ အသုံးဝင်ပုံတွေကို အပိုင်းလိုက်ဆက်တင်​ပေးပါမယ်… ဒါဆိုရင် အားလုံးပဲ ​နောက် Section​ လေး​တွေမှာ ပြန်​တွေ့ကြရ​အောင်…

Aung Yell Kyaw

Share this post
Archive


smei team trip to Ngwe Saung! (Snorkeling Adventures)