Skip to Content


Odoo Manufacturing Module အကြောင်း လေ့လာလိုက်ပါ!

April 22, 2025 by
Sarep Dee Sar Aung
| No comments yet

Odoo Manufacturing Module နဲ့ ပတ်သတ်တဲ့ Core Features တွေက ဘာလဲ? Unique Features တွေက ဘာလဲ? နောက်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် သူ့ရဲ့ Benefits တွေက ဘာတွေ ဖြစ်မလဲဆိုတာ ပုံထောက်ပြီး လေ့လာကြည့်လိုက်ပါ!

Odoo Manufacturing Module မှာ ပါတဲ့ Core Features တွေကတော့

 Bill of Materials (BoM) (ကုန်ကြမ်းစာရင်း) - ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းများ၊ လုပ်ငန်းစဉ်များနဲ့ လမ်းကြောင်းများကို သတ်မှတ်နိုင်ပါတယ်။ ကုန်ကြမ်းတစ်ခုချင်းစီအတွက် လိုအပ်တဲ့ အရေအတွက်၊ အသုံးပြုရမည့် နေရာတွေကိုလည်း အသေးစိတ်ဖော်ပြနိုင်ပါတယ်။

 Manufacturing Orders (MO) (ထုတ်လုပ်မှု အော်ဒါများ) - Manufacturing Orders တွေကို လွယ်ကူစွာ ဖန်တီးပြီး စီမံခန့်ခွဲနိုင်ပါတယ်။ Manufacturing Orders တစ်ခုချင်းစီအတွက် လိုအပ်တဲ့ ကုန်ကြမ်းများ၊ လုပ်ငန်းစဉ်များနဲ့ ပြီးစီးရမယ့် ရက်စွဲတွေကို သတ်မှတ်နိုင်ပါတယ်။

 Work Orders (လုပ်ငန်းခွဲ အော်ဒါများ) - Production Process တွေကို စီမံခန့်ခွဲနိုင်ပါတယ်။ Tesk တစ်ခုချင်းစီအတွက် လိုအပ်တဲ့ အချိန်၊ ဝန်ထမ်း၊ စက်ပစ္စည်းတွေကိုလည်း သတ်မှတ်နိုင်ပါတယ်။

 Work Centers (လုပ်ငန်းဌာနများ) -Production Processes တွေကို Machines တွေ (or) Teams တွေ ခွဲဝေပြီး ဝန်ဆောင်မှုပေးနိုင်ပါတယ်။ Work Center တစ်ခုချင်းစီတိုင်းရဲ့ Performance တွေကို Measure လုပ်နိုင်ပါတယ်။

 Routing (လုပ်ငန်းလမ်းကြောင်း) - Complex ဖြစ်တဲ့ Productions တွေမှာ Operations တွေကို စီစဥ်တကျ သတ်မှတ်နိုင်သလို Process တွေက တစ်ခုပြီးတစ်ခုကို ဘယ်လို ဆက်ပြီး လုပ်ဆောင်ရမယ်ဆိုတာ ညွှန်ကြားနိုင်ပါတယ်။

 Inventory Integration (Inventory နဲ့ ချိတ်ဆက်ခြင်း) - ထုတ်လုပ်ပြီးတဲ့ ကုန်ပစ္စည်းစာရင်းကို Automatically Inventory မှာ Update လုပ်ပါတယ်။ ပြီးတော့ လက်ကျန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပါတယ်။

 ဒီထက်မက အသေးစိတ်လေ့လာနိုင်ဖို့ https://www.odoo.com/app/manufacturing 

တခြား Manufacturing Software တွေနဲ့ မတူတဲ့ Odoo Manufacturing Module ရဲ့ Unique Features တွေကတော့

 Integrated System (ပေါင်းစည်းထားသော စနစ်) - Odoo ရဲ့ အခြား Module ဖြစ်တဲ့ Inventory, Sales, Accounting နဲ့ ချိတ်ဆက်ထားတဲ့အတွက် လုပ်ငန်းတစ်ခုလုံးကို တစ်နေရာတည်းမှ စီမံနိုင်ပါတယ်။ Module တစ်ခုနှင့်တစ်ခု က Automatically Data Sharing တဲ့အတွက်ကြောင့် ချိတ်ဆက်တဲ့အခါ အချိန်ကုန်သက်သာပြီး မှားယွင်းမှုနည်းပါးပါတယ်။

 Real-time Control (အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်ခြင်း) - Shop Floor မှာ Tablet များကို အသုံးပြုပြီး Work Center Control Panel ကို စောင့်ကြည့်နိုင်သလို၊ Operation ကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပါတယ်။ ကုန်ထုတ်လုပ်မှုအခြေအနေကို ချက်ချင်းသိရှိနိုင်တဲ့အတွက်ကြောင့် လိုအပ်တဲ့ ဆုံးဖြတ်ချက်များကို မြန်ဆန်စွာ ချနိုင်ပါတယ်။

 Traceability (ခြေရာခံနိုင်ခြင်း) - ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို Lot Numbers or Serial Numbers တပ်ပြီး ကုန်ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ Tracking လုပ်နိုင်သလို ကုန်ပစ္စည်းတစ်ခုချင်းစီ၏ History ကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။

 Flexibility (ပြောင်းလွယ်ပြင်လွယ်နိုင်ခြင်း) - One-step, Two-step, Three-step စတဲ့ Manufacturing Processes ကို System က Support လုပ်နိုင်သလို လုပ်ငန်းလိုအပ်ချက်နှင့်အညီ Manufacturing Workflows တွေကို Adjust လုပ်ပြီး ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

 ဒီထက်မက အသေးစိတ်လေ့လာနိုင်ဖို့ https://www.odoo.com/app/manufacturing-features 

Odoo Manufacturing Module ကို အသုံးပြုတာနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့…

 Improved Efficiency (လုပ်ငန်းထိရောက်မှု တိုးတက်လာခြင်း) - Production Process တွေကို စနစ်တကျနဲ့ ထုတ်လုပ်မှု အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီး အချိန်ကုန်သက်သာ၊ Process တွေကို သေသေသပ်သပ် စီမံနိုင်ပါတယ်။

 Cost Reduction (ကုန်ကျစရိတ် လျှော့ချနိုင်ခြင်း) - အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးပြုခြင်းကြောင့် မလိုအပ်တဲ့ ကုန်ကျစရိတ်ကို လျှော့ချပြီး ထုတ်လုပ်မှုပိုင်းဆိုင် စီမံခန့်ခွဲမှုကို ပိုမိုထိရောက်စေပါတယ်။

 Better Planning (Plan အသေးစိတ် ချမှတ်နိုင်ခြင်း) - ပစ္စည်းတွေ၊ အချိန်တွေ၊ ထုတ်လုပ်မှုဇယားတွေကို တိတိကျကျ စီမံနိုင်လို့ ရလဒ်က ပိုယုံကြည်စိတ်ချရပါတယ်။

 Real-time Visibility (အချိန်နဲ့တပြေးညီ သိရှိနိုင်ခြင်း) - လက်ရှိထုတ်လုပ်မှုအခြေအနေ၊ လက်ကျန်ပစ္စည်းအခြေအနေနဲ့ အရေးကြီးတဲ့အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ချက်ချင်းသိနိုင်လို့ မိမိလုပ်ငန်းအတွက် လိုအပ်တာကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်ပါတယ်။

 Better Inventory Management (ပိုမိုကောင်းမွန်သော ပစ္စည်းသိုလှောင်မှု စနစ်) - ‌Automated Order System ကို အသုံးပြုပြီး Inventory ကို စနစ်တကျ စီမံနိုင်ပြီး ပစ္စည်းအလျော့အတင်း မရှိစေ‌အောင် Balanced Control လုပ်နိုင်ပါတယ်။ အချက်အလက်တွေကို အချိန်နှင့်တပြေးညီ အသေးစိတ် စီမံခန့်ခွဲနိုင်တာကလည်း လုပ်ငန်းစွမ်းဆောင်ရည် ကို မြှင့်တင်ပေးနိုင်ပါတယ်။ 

ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက် smei

Sarep Dee Sar Aung April 22, 2025
Share this post
Archive
Sign in to leave a comment


Odoo Accounting Module အကြောင်း လေ့လာလိုက်ပါ!