📌 Odoo Project Module နဲ့ ပတ်သတ်တဲ့ Core Features တွေက ဘာလဲ? Unique Features တွေက ဘာလဲ? နောက်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် သူ့ရဲ့ Benefits တွေက ဘာတွေ ဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်...!
🎯 သင့်ရဲ့လုပ်ငန်းက project by project စီမံခန့်ခွဲရတဲ့ လုပ်ငန်းအမျိုးအစားလား? ဒါကို manual တွေသုံးပြီး ခက်ခက်ခဲခဲလုပ်ဆောင်နေရသေးတယ်ဆိုရင်တော့.. Odoo ERP ရဲ့ Project Management Module က သင့်ရဲ့လုပ်ငန်းတစ်ခုလုံး လွယ်ကူမြန်ဆန်စေအောင် ကူညီပေးမှာပါ။
📌Odoo Project Module မှာ ပါတဲ့ Core Features တွေကတော့…
✅Project Dashboard (စီမံခန့်ခွဲမှုဆိုင်ရာများကို ကြည့်နိုင်ခြင်း) – Project တစ်ခုချင်းစီအလိုက် Drag & Drop ပြုလုပ်ပြီး သက်ရာဆိုင် project များကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပါတယ်။
✅Task Management (တာဝန်များ စီမံခန့်ခွဲမှု) – Project တစ်ခုချင်းစီအတွက် Task များဖန်တီးခြင်း Assign ချခြင်းနှင့် Priority level သတ်မှတ်ခြင်းတွေကိုအလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။
✅Time Tracking (အချိန်မှတ်တမ်းတင်ခြင်း) - လုပ်ဆောင်ရမယ့် Task တစ်ခုချင်းစီအတွက် ကုန်ကျတဲ့အချိန်ကို တိတိကျကျ မှတ်တမ်းတင်နိုင်ဖို့ Timesheet Module ဖြင့်ချိတ်ဆက်ထားပါတယ်။
✅Visualization View (အချိန်ဇယားမြင်ကွင်း) - Project တစ်ခုချင်းစီရဲ့ workflow, timeline, deadline, milestone, analysis အစရှိသော process တစ်ခုချင်းတိုင်းကို သက်ဆိုင်ရင် view feature တွေမှာ စီမံနိုင်ပါတယ်။
✅Reporting (စာရင်းအစီရင်ခံခြင်း) – Analysis report များကို Worksheet, Customer, Employee Performance, အစရှိသဖြင့် လိုသလို dynamic report အသုံးပြုပြီး ကြည့်နိုင်ပါတယ်။
--------------------------------
📌 Odoo Project Module မှာ ပါတဲ့ Unique Features တွေကတော့...
✅Integrated with Other Modules (အခြားသော modulesနှင့်ချိတ်ဆက်ထားခြင်း) – Timesheet, Sales, Invoicing, Helpdesk အစရှိသဖြင့် Modulesများစွာနဲ့ ချိတ်ဆက်ထားတဲ့အတွက် အခြားသောလုပ်ငန်းဆောင်တာများအတွက် အချိန်ကုန်သက်သာစေပါတယ်။
✅Customer Portal Access (အလွယ်တကူဝင်ရောက် ကြည့်နိုင်ခြင်း) – Customer များက မိမိတို့၏ Project တိုးတက်မှုအခြေအနေကို အချိန်နှင့်တပြေးညီကြည့်နိုင်ပါတယ်။
✅Automated Actions (အလိုအလျောက် လုပ်ဆောင်မှုများ) – Taskများ သတ်မှတ်ရက်ကျော်လွန်တဲ့အခါ Email Alertပေးပို့နိုင်ခြင်း နှင့် သတ်မှတ်ရက်မတိုင်မီ သတိပေးချက်ပြပေးနိုင်ခြင်းတွေကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်ပါတယ်။
✅Workload Planning (အချိန်ဇယားဖြင့်တာဝန်ခွဲဝေမှု) – အလုပ်တာဝန်များကို သက်ဆိုင်ရာအချိန်ဇယားအလိုက် မျှမျှတတတာဝန်ပေးအပ်နိုင်ခြင်းကြောင့် အဖွဲ့လိုက်စွမ်းဆောင်ရည် တိုးတက်စေပါတယ်။
✅Smart Integration (စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်များ) - Project တစ်ခုပေါ်ရှိ Task များ၏ Sales Orders, Invoice, Stock Move, Performance အစရှိသည်တို့ကို တစ်နေရာတည်းမှာကြည့်နိုင်ပါတယ်။
--------------------------------
📌 Odoo Project Module က သင့်လုပ်ငန်းအတွက် ဘယ်လိုအကျိုးရှိလဲ...
✅Project Profitability Visibility (စီမံကိန်းအကျိုးအမြတ်မြင်နိုင်ခြင်း) – Project တစ်ခုစီအလိုက်ဝင်ငွေ၊ ထွက်ငွေများကို တိတိကျကျ သုံးသပ်နိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုမှ ရရှိမည့် အကျိုးအမြတ်ကို ရှင်းလင်းစွာ မြင်နိုင်ပြီး စီးပွားရေးဆုံးဖြတ်ချက်များကို သေချာပြုလုပ်နိုင်ပါတယ်။
✅Improved Satisfaction (စိတ်ကျေနပ်မှု မြင့်မားလာခြင်း ) - Projects များကို သတ်မှတ်ချိန်အတွင်း မြန်ဆန်စွာပြီးမြောက်အောင်လုပ်ဆောင်နိုင်သောကြောင့် Customer များ၏ယုံကြည်မှုပိုရရှိပြီး စိတ်ကျေနပ်မှုကို မြင့်တက်လာစေပါတယ်။
✅Team Collaboration (အဖွဲ့လိုက်လုပ်ဆောင်နိုင်ခြင်း) – Project တစ်ခုချင်းစီတိုင်းမှာ ပါဝင်သူများက သက်ဆိုင်ရာတာဝန်တွေကို အလွယ်တကူချိတ်ဆက်ပြီး ပူးပေါင်းလုပ်ဆောင်နိုင်သောကြောင့် မိမိလုပ်ငန်းလည်ပတ်မှုအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။
✅Project Template Creation (ကြိုတင်သတ်မှတ်နိုင်ခြင်း) – မကြာခဏလုပ်ဆောင်နေရသော project များအတွက် task များကိုထည့်သွင်းပြီး ကြိုတင်၍ project template အဖြစ် ကြိုတင်ဖန်တီးထားနိုင်ခြင်းကြောင့် အချိန်အပိုသုံးစွဲခြင်း လျှော့ချပေးနိုင်ပါတယ်။
✅ Cross-project Reporting (Projects များစွာကို စုပေါင်းသုံးသပ်ခြင်း) –Projects များစွာ၏ Overview, Risk စသည်တို့ကို Dashboard ပေါ်တွင်ကြည့်နိုင်သောကြောင့် ပြဿနာများကို အချိန်မှီသိနိုင်ပြီး ဖြေရှင်းနိုင်သည့်အပြင်၊ အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း အထောက်အကူဖြစ်စေပါတယ်။
Odoo Project Module အကြောင်းလေ့လာလိုက်ပါ!