Skip to Content


What is the Inventory Configuration Menu?(Part 2)

July 5, 2024 by
Sarep Dee Sar Aung
| No comments yet

ဒီနေ့မှာတော့ Inventory Operation ရဲ့ ကျန်ရှိနေတဲ့ Products, Unit Of Measures နဲ့  Delivery Submenu တွေရဲ့ Features တွေ အကြောင်းကို ဆက်လက်ပြီး Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Products Menu မှာ ပါဝင်တဲ့ Features တွေကတော့ 

  • Product Categories
  • Attributes
  • Reordering Rules 
  • Barcode Nomenclatures ဖြစ်ပါတယ်။ 

✨Product Categories

Product Categories က အမျိုးအစားတူတဲ့ Products တွေကို Group ဖွဲ့တာ (or) လုပ်ငန်းလိုအပ်ချက်အရ Products တွေကို Group ဖွဲ့တာကို လုပ်ဆောင်နိုင်ပြီး Products ရှာဖွေစစ်ဆေးဖို့နဲ့ ရောင်းချဖို့အတွက် လွယ်ကူစေပါတယ်။ Procurement, Sales, Reporting စတဲ့ Process တွေမှာ ပိုမို ထိရောက်စေပါတယ်။ နောက်ပြီး Inventory နဲ့ သက်ဆိုင်တဲ့ Costing Methods, Revenue and Cost Account တွေကို သတ်မှတ်ပေးတဲ့နေရာ ဖြစ်ပြီး အရေးကြီးတဲ့ Stage တစ်ခုဖြစ်ပါတယ်။

✨Attributes

Products တွေရဲ့ Size, Color စတဲ့ Detail အချက်အလက်တွေကို သတ်မှတ်ပေးပါတယ်။ Customer တွေအနေနဲ့ မိမိလိုချင်တဲ့ Products တွေကို Detail ကြည့်ပြီး ရွှေးချယ် ဝယ်ယူလို့ ရတဲ့အတွက် အများကြီး အဆင်ပြေပါတယ်။

✨Reordering Rules

Product Stock ပြန်ဖြည့်တဲ့ အလုပ်တွေကို Automatic ပြုလုပ်ထားနိုင်ပြီး Stockout & Overstock မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

✨Barcode Nomenclatures

Products တွေအတွက် Barcode အလိုအလျောက် Create & Set Up လုပ်ပေးတဲ့အတွက် Products တွေကို တိတိကျကျနဲ့ Error မရှိအောင် Manage လုပ်နိုင်ပါတယ်။ 


Unit Of Measures Submenu မှာတော့ UOM Categories Features တစ်ခုပဲ ရှိပါတယ်။

✨UOM Categories

Products တွေကို Piece, Kilogram, Liter, Dozen, Box စတဲ့ Unit အမျိုးအစား ခွဲခြားသတ်မှတ်ပေးပါတယ်။ Purchase, Sales နှစ်မျိုးလုံးအတွက် မရှိမဖြစ် Features တစ်ခုဖြစ်ပါတယ်။


Delivery Submenu မှာတော့ 

  • Shipping Method နဲ့ 
  • Zip Prefix Features တွေ ပါဝင်ပါတယ်..

✨Shipping Methods

Products တွေကို Customer တွေဆီသို့ Delivery ပို့ဆောင်မယ့် လမ်းကြောင်း အမျိုးမျိုးကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ထိုလမ်းကြောင်းတွေထဲမှာမှ Delivery တစ်ခုချင်းစီအတွက် Time & Cost အသက်သာဆုံး ဖြစ်မယ့် လမ်းကြောင်းကို ရွှေးချယ် အသုံးပြုနိုင်တဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့ အရမ်းအရေးပါပါတယ်။ 

✨Zip Prefix

ကိုယ်ပို့ဆောင်ရမယ့်နေရာတွေကို Postal Code တွေ သတ်မှတ်ထားပြီး ထို Postal Code တွေ အလိုက် ပို့ဆောင်‌ပေးမယ့် Company, Warehouse,  လမ်းကြောင်းတွေကို သတ်မှတ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ Rules တွေအတိုင်း Order ပို့ဆောင်ပေးနိုင်တဲ့အတွက်  Time & Cost Saving ဖြစ်စေပြီး Error ကင်းရှင်းစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အခုကတော့ Inventory Operation ရဲ့  Products, Unit Of Measures နဲ့ Delivery Submenu တွေရဲ့ Features တွေ အကြောင်းကို Sharing လုပ်ပေးသွားတာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Inventory Module ထဲမှာ ပါဝင်တဲ့ Menu တွေရဲ့ Features တွေအကြောင်းကို Sharing လုပ်လို့ပြီးသွားပါပြီ ဗျာ .. ဒီထက်ပိုပြီး သိချင်တာများ ရှိခဲ့ရင်တော့ ဆက်သွယ်မေးမြန်းလို့ ရပါတယ်။

နောက်အပတ်မှာလည်း  Odoo ရဲ့ တခြား Useful For Your Business ဖြစ်တဲ့ တခြား Module တွေ အကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်လေ့လာနိုင်ပါတယ်။

အားလုံးပဲ နောက် Sections လေးတွေမှာ ပြန်တွေ့ကြရအောင်…

Aung Yell Kyaw

Sarep Dee Sar Aung July 5, 2024
Share this post
Archive
Sign in to leave a comment


What is the Inventory Configuration Menu?(Part 1)
Part 1