What is the Products Menu in Odoo Inventory?

Products, Product Variants, LOT/Serial Numbers​

What is the Products Menu in Odoo Inventory?


ဒီ​နေ့မှာ​တော့ Inventory Products Menu အ​ကြောင်းကို Knowledge Sharing လုပ်​ပေးသွားမှာ ဖြစ်ပါတယ်။


Products Menu

Products Menu က​တော့ Product​ တွေ စီမံခန့်ခွဲဖို့ အထူးသင့်​တော်ပြီး Products အချက်အလက်​တွေ စတင်ထည့်သွင်းတာက​​နေစလို့ တခြား Module မျိုးစုံနဲ့ ချိတ်ဆက်တာအထိ လုပ်​ဆောင်နိုင်ပါတယ်။ အဓိကအ​နေနဲ့က​တော့ Products ​တွေကို အမျိုးအစား ၊အ​ရောင်စသဖြင့် Detail ကျကျ စီမံခန့်ခွဲ​ပေးနိုင်ပြီး Vendor နှင့် Customer နှစ်ဦးနှစ်ဖက် အဆင်​ပြေ​စေပါတယ်။


Products Menu​ မှာ ​ရှင်းပြ​ပေးသွားမှာ​တွေက​​တော့

-Products, Product Variants and LOT/Serial numbers​တွေပဲဖြစ်ပါတယ်။


Products

Products မှာ​တော့ ကိုယ့်မှာရှိတဲ့ Products ​တွေကို Category အလိုက် ခွဲကြည့်နိုင်ပါတယ်။ Products အသစ် ​Create လုပ်တာ​တွေ​ ၊ Adjustment, Replenishment လုပ်တာ​တွေ၊တခြား Module ​တွေနဲ့ ချိတ်ဆက်တာ​တွေစတဲ့ အဓိကကျတဲ့ လုပ်​ဆောင်ချက်​တွေကို ပြုလုပ်​ပေးနိုင်ပါတယ်။


Product Variants

Products​ တွေရဲ့ Size, Color, Taste, Gender စတဲ့ Detail ကွဲပြားမှု​တွေကို ထည့်သွင်းနိုင်ပြီး ကိုယ့် Product​​ တွေနဲ့ ချိတ်ဆက်နိုင်တဲ့အတွက် မိမိလိုအပ်တဲ့ပစ္စည်းကို တိတိကျကျရှာ​ဖွေဖို့ အရမ်းကိုလွယ်ကူ​စေပါတယ်။


Lots/Serial Numbers

Products​ တွေကို Lots (or) Serial Numbers​ တွေနဲ့ စနစ်တကျ မှတ်သားထားနိုင်ပါတယ်။ Products Expire Date ​တွေကို Lot/Serial Numbers ​​တွေနဲ့ တစ်ခါတည်း setup လုပ်နိုင်တဲ့အတွက် FEFO(First Expired, First Out)လိုမျိုး Efficient Removal Strategy ကို အ​​ထောက်အပံ့​ပေးနိုင်ပြီး အ​လေအလွင့် သက်သာ​စေပါတယ်။ ကုန်ပစ္စည်းတစ်ခုချင်းစီတိုင်းအတွက် Serial Numbers ကို သုံးပြီး အမျိုးအစားတူ ကုန်ပစ္စည်းအုပ်စုအတွက် Lots Numbers ကို သုံးပါတယ်။


အခုက​တော့Inventory Products Menu မှာ ပါဝင်တဲ့ features​ တွေကြောင်းကို ​Sharing လုပ်​ပေးသွားတာ ဖြစ်ပါတယ်။


​နောက်အပတ်မှာလည်း Inventory Configuration Menu ကို Sub Menu​ လေး​​တွေ အလိုက်ခွဲပြီး တင်​ပေးသွားမှာ ဖြစ်လို့​စောင့်ကြည့်ဖို့မ​မေ့နဲ့​နော်။ အားလုံးပဲ​နောက်Knowledge Sharing​လေး​တွေမှာပြန်​တွေ့ကြရ​အောင်……

Aung Yell Kyaw



Share this post
Archive


What is Adjustment and Procurement Section In Odoo Inventory Operation?
Adjustment Submenu နဲ့ Procurement Submenu