Skip to Content


ပံ့ပိုးတိုးတက် သင့်လုပ်ငန်းအတွက် smei

smei အနေဖြင့်  နည်းပညာခေတ်ကြီးထဲမှာ လုပ်ငန်းများ စနစ်တကျ တိုးတက်ကြီးထွားလာ‌အောင် ပံ့ပိုးပေးနိုင်ဖို့က  smei ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။
November 27, 2023 by
Sarep Dee Sar Aung
| No comments yet

ပြိုင်ဆိုင်မှု ပြင်းထန်ပြီး နည်းပညာနဲ့အတူ ရှင်သန်ရမယ့် စီးပွားရေးစျေးကွက်ထဲမှာ သင့်အနေနဲ့ လုပ်ငန်းတိုးတက်လာဖို့ လုပ်ဆောင်ရတာက ချောမွေ့လွယ်ကူစေတဲ့ အရာတော့ မဟုတ်ပါဘူး။ အချိန်၊ငွေ၊လူအင်အား၊နည်းပညာတွေနဲ့ သစ်ပင်တစ်ပင်လို ရေလောင်းပေါင်းသင်းလုပ်မှ “တခါလာ မဲပြာပုဆိုး” လုပ်ငန်းလို မဖြစ်မှာပါ။

ဒါဆိုရင် Technology ခေတ်ကြီးထဲမှာ သင့်လုပ်ငန်းဟာ ရေရှည် ရပ်တည်ပြီး တိုးတက်နိုင်ဖို့၊ နည်းပညာနဲ့ အသားကျအောင် smei က ဘယ်လိုဝန်ဆောင်မှုတွေနဲ့ ပံ့ပိုးပေးနေလဲဆိုတာ ဒီကနေ့ ရှင်းပြပေးသွားပါမယ်။

Digital Transformation In Myanmar

ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ စျေးကွက်ထဲမှာ ရေရှည်ရပ်တည် တိုးတက်ချင်တဲ့ လုပ်ငန်းတွေအတွက် သမားရိုးကျလုပ်ငန်းစနစ်မှ ခွဲထွက်ပြီး တိုးတက်ပြောင်းလဲမှုကို ပံ့ပိုးထားတဲ့ လုပ်ငန်းစနစ်ကို Click တချက်နှိပ်ရုံနဲ့ စနစ်တကျ Manage လုပ်နိုင်ဖို့ စီးပွားရေး လုပ်ငန်းသုံး စီမံခန့်ခွဲမှုဆော့ဖ်ဝဲဖြစ်တဲ့ ERP စနစ်ကို အသုံးပြုကာ ပြောင်းလဲနိုင်ဖို့ smei က ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

ကိုယ်မပါပဲ လည်ပတ်နိုင်တဲ့ လုပ်ငန်းတည်ဆောက်နိုင်ဖို့ ၊ နည်းပညာကိုအသုံးပြုပြီး လုပ်ငန်းစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့၊ လူအရင်းအမြစ်ကို စနစ်တကျ အသုံးချနိုင်ဖို့ဆိုရင် ကိုယ့်လုပ်ငန်းဟာ Technology နဲ့ အစိမ်းသက်သက် မဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ smei က နယ်ပယ်အစုံက လုပ်ငန်းများကို ခေတ်မီစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုစနစ်အတွက် Odoo ERP System ကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

 IT & Technology In Myanmar

ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ IT & Technology အခက်အခဲဟာ မြန်မာပြည်က လုပ်ငန်းရှင်တွေအတွက် မလွယ်ကူတဲ့ စိန်ခေါ်ချက်တရပ် ဖြစ်ပါတယ်။

သို့ပေမယ့်လည်း  IT & Technology ဆိုင်ရာ အခက်အခဲတွေ၊ လုံခြုံရေးနှင့် မှတ်တမ်းမှတ်ရာများအတွက် CCTV တပ်ဆင်ခြင်းတွေ၊ ကွန်ရက်လုံခြုံမှုတွေနဲ့ ကွန်ရက်ပြသာနာတွေစတဲ့ စိန်ခေါ်မှုတွေကို လုပ်ငန်းရှင်တွေအနေနဲ့ နောက်လှည့်ကြည့်စရာမလိုအောင် smei Infra Teamsမှ ကျွမ်းကျင်ပညာရှင်များက ဖြေရှင်းပံ့ပိုး ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် သင့်လုပ်ငန်းထဲက IT & Technology အခက်အခဲတွေကို ခေါက်ထားလို့ ရပါတယ်။

Cost Effectiveness & Growth For Your Business

smei မှ ဝန်ဆောင်မှုပေးနေတဲ့ Odoo ERP က အခြားသော ERP Software များထက် နယ်ပယ်စုံမှ လုပ်ငန်းတွေအတွက် ကုန်ကျစရိတ် သက်သာစေပြီး လုပ်ငန်း Operation ကို ထိ‌ရောက်တိုးတက်စေတဲ့ Cloud Management Software ဖြစ်ပါတယ်။ နောက်ပြီး  IT & Technology Service လည်း လုပ်ငန်းဘက်ဂျက်ပေါ် မူတည်ပြီး  Cost Effectiveness ဖြစ်အောင် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ 

smei အနေဖြင့် လုပ်ငန်းရှင်များရဲ့  လုပ်ငန်းများ နည်းပညာခေတ်ကြီးထဲမှာ စနစ်တကျ တိုးတက်ကြီးထွားလာ‌အောင် ပံ့ပိုးပေးနိုင်ဖို့က  smei ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

လုပ်ငန်းရှင်များအနေဖြင့် မိမိလုပ်ငန်းအတွက်  Digital Transformation ပြုလုပ်နိုင်ဖို့ Odoo ERP အကြောင်းများ အသေးစိတ်သိရှိလိုသည်ဖြစ်ဖြစ် (ဒါမှမဟုတ်) သင့်လုပ်ငန်းခွင်ရှိ  IT & Technology အခက်အခဲများကို ဖြေရှင်းလိုသည်ဖြစ်ဖြစ် smei နှင့်အတူ ဆွေးနွေးအကြံပေးခြင်းများ ရယူဖို့ ဖိတ်ခေါ်လိုပါတယ်။





Sarep Dee Sar Aung November 27, 2023
Share this post
Archive
Sign in to leave a comment


ကားမောင်းဖို့ ဓာတ်ဆီလိုသလို လုပ်ငန်းအတွက် Data လိုပါတယ်…
Data ထိန်းသိမ်းဖို့ဆိုတာက လုပ်ငန်းသဘောတရားပေါ်မူတည်ပြီး ခက်ခဲနိုင်ပါတယ်။ Odoo ERP က ဒါကို အလွယ်တကူဖြေရှင်းနိုင်ပါတယ်။